သူများပြောတိုင်း အလွယ်မယုံလိုက်ပါနဲ့။ စမ်းသပ်တဲ့အနေနဲ့တောင်မှ မလုပ်ကြည့်စေချင်ဘူး။

အလှအပကတော့ ကြိုက်တာပေါ့။ လှချင်လွန်းလို့ဆိုပြီး သူများပြောသမျှ လိုက်လုပ်မိရာက မျက်နှာအသားအရေ ပျက်စီးသွားရတာမျိုးလည်း ရှိသေးတယ်။ ဘယ်သူတွေ ဘာပြောပြောနော် ဒါတွေကိုတော့ မျက်နှာပေါ် လုံးဝမတင်ရဘူး။

၁။ ခေါင်းလျှော်ရည်

Shampoo.jpg 

ဆံပင်နဲ့မျက်နှာက ဖွဲ့စည်းပုံခြင်းမတူဘူးလေ။ ဆံပင်ဆိုတာက နက်မှောင်သန်စွမ်းဖို့၊ ဆီနဲ့ ဖုန်အညစ်အကြေးတွေကင်းရှင်းနေဖို့လိုအပ်လို့ ခေါင်းလျှော်ရည်ကိုသုံးရတာ။ မျက်နှာအတွက်တော့ မျက်နှာသစ်ဆပ်ပြာကိုပဲသုံးရမယ်။ ခေါင်းလျှော်ရည်နဲ့မျက်နှာသစ်လို့ကတော့ အသားတွေ ခြောက်သွေ့အက်ကွဲလာလိမ့်မယ်။

၂။ ဆံပင်ဆိုးဆေး

Hair-Color.jpg 

မတော်တဆပဲဖြစ်ဖြစ် မျက်နှာကို ပေသွားရင်တောင် ချက်ချင်းဆေးကြောလိုက်ဖို့လိုပါတယ်။ သိထားတဲ့အတိုင်းပဲလေ ဆံပင်ဆိုးဆေးဆိုတာ ဓာတုပစ္စည်းတွေ အများကြီးနဲ့ ထုတ်လုပ်ထားတာ။ ဆိုးဆေးတွေ မျက်နှာပေါ်ထိလိုက်တာနဲ့ ချက်ချင်းယားယံလာပါလိမ့်မယ်။ တချို့ဆိုးဆေးတွေဆိုရင် ခေါင်းမှာဆိုးထားတုန်း မျက်လုံးတွေကျိန်းစပ်ပြီး မျက်ရည်တွေပါကျလာတာ။

၃။ Hair Spray

Hair-Spray.jpg 

ဆံပင်ကိုပုံသွင်းတဲ့ hair spray ကို မျက်နှာကိုဖြန်းရင် မိတ်ကပ်စွဲတယ်၊ ကြာကြာခံတယ်ဆိုတဲ့စကားတွေက ကောလဟာလတွေနော်။ ထင်ယောင်ထင်မှား မဖြစ်ပါနဲ့။ ဆံပင်ဖျန်းတဲ့ spray တွေ မျက်နှာကိုဖျန်းမိရင် မျက်နှာအသားအရေပျက်စီးပြီး မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်လာပါလိမ့်မယ်။

၄။ Mayonnaise

Mayonnaise.jpg 

စားလို့ကောင်းတဲ့ mayonnaise (မရိုးနိစ်) ဟာ ဆံပင်တွေအတွက်လည်း ကောင်းသတဲ့။ ဆံပင်ပေါင်းတင်လို့ရပါတယ်။ ဒါပေမဲ့ မျက်နှာအတွက်ဆိုရင်တော့ No လို့ ပြောပါရစေ။ Mayonnaise က အက်ဆစ်ဓာတ်ပါဝင်ပါတယ်။ မျက်နှာပေါ်မှာ လိမ်းမိရင် ချွေးပေါက်တွေပိတ်စေပြီး ဝက်ခြံတွေထွက်လာနိုင်သလို အဆီပြန်လာပါတယ်။

Source : Style Craze

Share

Loading Next Article...
က္က