နုနုငယ်ငယ်မျက်နှာလေးက မိတ်ကပ်လိမ်းစရာမလိုဘဲနဲ့ကို လှနေတာ။

လှတဲ့လူတွေကိုမြင်တိုင်း အားကျပြီး လိုက်လှချင်တာ အပြစ်လားနော်။ မိန်းကလေးပဲဥစ္စာ လှချင်တာပေါ့။ သူများတွေလိမ်းတဲ့ မိတ်ကပ်တွေ၊ အလှကုန်တွေကိုလည်း လိုက်ပြီး သုံးချင်တယ်။ ကိုယ်ကကျောင်းသူဆိုတော့ ကိုယ်ပိုင်ဝင်ငွေလည်းမရှိ၊ မုန့်ဖိုးလေးစုပြီး ဝယ်နေရတဲ့ ညီမလေးတို့ကို ပြောချင်တာလေ "မိတ်ကပ်မလိမ်းလည်းလှပါတယ်"လို့။ မိတ်ကပ်မလိမ်းဘဲနဲ့ လှ၊ မလှဆိုတာလည်း ပြောပြချင်သေးတယ်။

 

တကယ်တမ်း မိတ်ကပ်တွေနေ့တိုင်းလိမ်းတဲ့လူတွေကို ကြည့်လိုက်ရင် အသက် ၂၅ နှစ်လောက်မှ လိမ်းဖြစ်ကြတာပါ။ လုပ်ငန်းခွင်မှာ အမြင်တင့်တယ်အောင်လည်း ပါတာပေါ့။ ညီမလေးတို့ရဲ့မျက်နှာလေးတွေက အသားအရေနုနုလေးပဲရှိပါသေးတယ်။ မိတ်ကပ်လိမ်းစရာမလိုလောက်အောင် သဘာဝအတိုင်းလေးပဲ လှနေတာပါနော်။ အသက် ၂၀ မတိုင်မီမှာ မိတ်ကပ်တွေအများကြီး မလိမ်းစေချင်ပါဘူး။ မိတ်ကပ်လိမ်းမယ်ဆိုလည်း သဘာဝကျကျလေးနဲ့ ပါးပါးပဲလိမ်းသင့်ပါတယ်။

 

မနက်မိုးလင်းတာနဲ့ မျက်နှာသစ်တဲ့အခါ မျက်နှာကို သေသေချာချာလေးသစ်ပါ။ မျက်နှာသစ်ဆပ်ပြာကိုပဲသုံးပါ။ ပြီးရင်တော့ toner လေး လူးပေးလိုက်ရင် မျက်နှာမှာ ဘာအညစ်အကြေးမှ မကျန်တော့ဘူး။ နောက်တော့မှ အသားအရေလေးစိုပြေစေမယ့် moisturizer လေးကို လိမ်းပေးပါ။ အပေါ်ကနေ two way လေး လိမ်းပေးလိုက်ရုံနဲ့ လှပါပြီ။ မျက်နှာကို ပေါ်လွင်စေဖို့အတွက်က မျက်ခုံးမွှေးလေးကို ဂရုစိုက်ပေး။ မျက်ခုံးမွှေးလေးက သပ်သပ်ရပ်ရပ်လေး ဆွဲပေးထားမယ်ဆိုရင် မျက်နှာလေးက သဘာဝကျကျလေး လှနေတော့မှာ။ နှုတ်ခမ်းနီဆိုးချင်လည်းဆိုးပေါ့။

 

ညရောက်ရင်လည်း မျက်နှာသစ်ရမယ်။ ဒါကတော့ အရမ်းအရေးကြီးတာ။ တစ်နေကုန်လိမ်းထားတဲ့ သနပ်ခါး၊ မိတ်ကပ်တွေအပြင် မျက်နှာမှာကပ်နေတဲ့ ဖုန်၊ အဆီ၊ အညစ်အကြေးတွေကို မဖျက်ဘဲနဲ့ အိပ်လိုက်ရင် sis လေးတို့ မျက်နှာက မြန်မြန်ဆန်ဆန်ရင့်ရော်လာမှာနော်။ တစ်ရှုးအစိုလေးနဲ့ လိမ်းထားတာတွေ အရင်ဖျက်လိုက်ပါ။ ပြီးရင် မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သေသေချာချာလေးသစ်ပေး။ Toner ထပ်လူးပေးပြီး night cream/ moisturizer တစ်ခုခုကို လိမ်းပြီးမှ အိပ်ရာဝင်မယ်ဆိုရင် မျက်နှာအသားအရေလေးက ကြည်လင်နေမှာမို့လို့ မိတ်ကပ်မလိမ်းဘဲနဲ့ လှနိုင်ပါတယ်ကွယ်။

Share

Loading Next Article...
က္က