eye cream လေး လူးထားရင်ပိုကောင်းတယ်။

အိုင်းရှဲဒိုး palette လှလှလေးတွေ၊ အရောင်စုံလေးတွေမြင်ရင် အရမ်းလိုချင်တာပဲ။ ဝယ်ပြီးတော့မှ အရောင်တော်တော်များများက မသုံးဖြစ်ဘဲကျန်နေတတ်တယ်။ ဒါကို အိုင်းရှဲဒိုးကြိုက်သူတွေပဲ နားလည်မှာ။ အိုင်းရှဲဒိုးခြယ်တာနဲ့ပတ်သက်ပြီး မိတ်ကပ်ပညာရှင်တွေကို လိုက်မေးကြည့်တဲ့အခါ ဒီလိုလေးတွေ အကြံပေးကြပါတယ်။

 

၁။ ပြီးပြည့်စုံတဲ့ခြယ်သမှုအတွက် အရေးကြီးဆုံးတစ်ခုကတော့ မှန်ကန်တဲ့ပစ္စည်းကိရိယာကို သုံးဖို့ပါပဲ။ အနည်းဆုံးတော့ ဘရပ်ရှ် ၃ ခုလောက် ရှိထားသင့်တယ်။ တစ်ခုက လိမ်းခြယ်ဖို့၊ နှစ်ခုကတော့ အပြီးသပ်ခြယ်သဖို့၊ blend လုပ်ဖို့ဖြစ်ပါတယ်။

၂။ အိုင်းရှဲဒိုးမဆိုးခင်မှာ မျက်ခွံပေါ်ကို eye primer လေး လူးပေးရပါမယ်။ ဒါမှ အိုင်းရှဲဒိုးတွေမြဲနေမှာပါနော်။ Primer မလိမ်းခင်မှာတော့ သေသေချာချာလေး သန့်စင်ဆေးကြောရမယ်၊ eye cream လေး လူးထားရင်ပိုကောင်းတယ်။

 

၃။ Primer ခြောက်သွားမှ အိုင်းရှဲဒိုးတွေကို စသုံးသင့်ပါတယ်။

၄။ အောက်ခံအိုင်းရှဲဒိုး (ပထမဆုံးအရောင်) ဆိုးမယ်ဆိုရင် ဘရပ်ရှ်ကြီးကြီးကိုသုံးပါ။ မျက်ရစ်အောက်ပိုင်းမှာ အိုင်းရှဲဒိုးခြယ်ပြီး smoky eye လေး ဖြစ်ချင်ရင်တော့ ပြားပြားပါးပါး ဘရပ်ရှ်လေးကသာ အသင့်တော်ဆုံးပေါ့။

၅။ မျက်ခွံအလယ်တည့်တည့်မှာ လင်းလက်တောက်ပတဲ့အရောင်လည်း ဖြည့်လိုက်ရင် မျက်ဝန်းလေးတွေ ပိုတောက်ပသွားပါလိမ့်မယ်။

 

၆။ မိတ်ကပ်ပညာရှင်တွေ လိမ်းခြယ်ပေးတဲ့အခါ မျက်ဝန်းကို အရောင်များများ သို့မဟုတ် smoky eye ခြယ်မယ်ဆိုရင် မိတ်ကပ်ကို နောက်မှလိမ်းပါတယ်။ မိတ်ကပ်လိမ်းပြီးမှ အိုင်းရှဲဒိုးတွေခြယ်တဲ့အခါ အရောင်တွေပျံ့သွားနိုင်လို့ပါ။

Source : Allure


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က