ခြေဖနောင့်အက်ကွဲတယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။
 

ခြေဖနောင့်အက်ကွဲတယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။ ဆောင်းရာသီတို့၊ မိုးရာသီတို့လို ရာသီဥတုအေးတဲ့အချိန်မှာ အရေပြားဆဲလ်သေတွေ ဖနောင့်မှာစုပုံပြီး ဖနောင့်ကွဲတတ်သလို နောက်ပိတ်ဖိနပ် အစီးများတဲ့သူတွေလည်း ဖနောင့်ကွဲတတ်ပါတယ်။ တစ်ကိုယ်လုံးလန်းအောင် ဘယ်လောက်ပြင်ထား၊ ပြင်ထား။ ခြေညှပ်ဖိနပ်စီးမိတဲ့နေ့မှာ ခြေဖနောင့်က ကွဲနေရင် အလှပျက်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို ရှောင်ရှားနိုင်ဖို့ သဘာဝကုထုံးလေးတစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆင့် (၁)- ရေနွေးကုထုံး

3c868cae-225f-478b-a058-6a48ab0c0347.jpg 

ဒီကုထုံးပြုလုပ်ဖို့အတွက် လိုအပ်တာကတော့ ကြက်သီးနွေးရုံလောက် ရေနွေးတစ်အိုးရယ်၊ မုန့်ဖုတ်ရာမှာ သုံးတဲ့ မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းရယ်၊ ချေးတွန်းကျောက်လို့ ဒီမှာလူသိများကြတဲ့ ရေမြှုပ်ကျောက်ရယ်၊ ဆား (၂) ဇွန်းရယ် ဖြစ်ကြပါတယ်။

အရင်ဆုံး ကြွေဇလုံ (သို့) စတီးလ်ဇလုံ ထဲမှာ ကြက်သီးနွေးရုံလောက်ရေနွေးထည့်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါနဲ့ ဆားနည်းနည်း ရောလိုက်ပါ။ ပြီးရင် သမအောင်ရေမွှေလိုက်ပါ။ သမပြီဆိုရင် ခြေထောက်ကို ရေထဲမှာ နှစ်ပြီး (၁၅) မိနစ်လောက်စိမ်ပေးလိုက်ပါ။ (၁၅) မိနစ်ကြာအောင်စိမ်ပြီးရင် ခြေထောက်ကို ရေစင်အောင်ပြန်သုတ်ပြီး အရေပြားဆဲလ်သေလွှာတွေ ဖယ်ရှားနိုင်ဖို့ ချေးတွန်းကျောက်နဲ့ ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။

အဆင့် (၂)- ချေးချွတ်ခြင်း

olive-oil-sugar-scrub.jpg 

ဆဲလ်သေတွေကို ဖယ်ရှားပြီးပြီဆိုရင်တော့ ချေးချွတ်လို့ရပါပြီ။ ချေးချွတ်မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီ (၂) ဇွန်း နဲ့ သကြားအနည်းငယ်ဖြစ်ပါတယ်။

အရင်ဆုံး ကြွေဇလုံတစ်လုံးထဲမှာ ဆီ (၂) ဇွန်းနဲ့ သကြား (၁) ဇွန်းကို ထည့်လိုက်ပါ။ သမအောင်မွှေပြီးရင်တော့ သဘာဝချေးချွတ်ဆေး (scrub) လေးက အဆင်သင့်ဖြစ်သွားပါပြီ။ အဲဒီ ချေးချွတ်ဆေး (scrub) လေးနဲ့ ခြေထောက်နဲ့ဖနောင့်ကို (၅) မိနစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ။

အဆင့် (၃)- အစိုဓာတ်ထိန်းသိမ်းခြင်း

1-Pair-Spa-font-b-Moisturizing-b-font-Treatment-Gel-Heel-Socks-Beauty-Feet-Exfoliating-Calluses.jpg 

ချေးချွတ်ပြီးပြီဆိုရင်တော့ အရေပြားအစိုဓာတ်ပြန်လည်ထိန်းသိမ်းခြင်း (moisturizer) သုံးဖို့လိုအပ်လာပါပြီ။ မိမိနှစ်သက်ရာ moisturizer တစ်မျိုးမျိုးကို သုံးပြီး အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းလို့ ရပါတယ်။ Moisturizer သုံးမယ်ဆိုရင် ခရင်မ်ကို ခြေဖဝါးတစ်ခုလုံး နှံ့စပ်အောင်လိမ်းပေးရမှာဖြစ်ပြီး ပြီးရင် ခြေအိတ်အပါးလေးနဲ့ ခဏစွပ်ထားပေးလိုက်ပါ။ ပြီးရင် ခြေအိတ်ပြန်ချွတ်လို့ရပါပြီ။ ခြေဖနောင့် အက်ကွဲတဲ့အခါတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်လို့ရပါတယ်။

Source: naturallovepage

Share

Loading Next Article...
က္က