နောက်ကျောဟိုက် ဝတ်စုံ ဝတ်ဆင်သူတွေအတွက် ဖြစ်ပါတယ်။

နောက်ကျောဟိုက်တဲ့အကျႌတွေ၊ ကျောပြောင်ဂါဝန်တွေအတွက်ဆို နောက်ကျောက ကြိုးမပါတဲ့ ဘရာစီယာဆိုတာက မရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခု ဖြစ်ပါတယ်။

 

ခုတလော ခေတ်စားနေတဲ့အကျႌလေးတွေ ဝတ်ပြီး နောက်ကျောသားလေးတွေဖော်ချင်သူများအတွက် အရှေ့လေးတင်ကပ်ထားရတဲ့ ဆီလီကွန်ဘရာတွေရှိပေမယ့် အဲဒီဘရာတစ်ခုကို ၅ခါ၊ ၆ခါလောက်ပဲ သုံးလို့ရပါတယ်။ သုံးတဲ့အကြိမ်ရေပြည့်သွားရင် ဆီလီကွန်ဘရာက အသားမှာသိပ်ကပ်မနေတော့ဘဲ ဘယ်ချိန်ကွာကျလာမလဲ စိတ်ပူနေရတတ်ပါတယ်။ နောက်ပြီး အရေပြားနဲ့အကြာကြီးထိတွေ့ရတဲ့အခါ ချွေးထွက်တဲ့အခါမျိုးတွေမှာ အသားအရည်ကို ထိခိုက်စေပါတယ်။ ဒီတော့ ကိုယ့်မှာရှိပြီးသား ရိုးရိုးဘရာစီယာနဲ့ပဲ Backless bra လှလှလေးရအောင် ဘယ်လိုဖန်တီးမလဲ ကြည့်ကြည့်ရအောင်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

ဘရာစီယာတစ်ခု (Push up bra ဆိုပိုကောင်းပါတယ်။)

ကတ်ကြေး

ပင်အပ်လေးတွေ

အပ်နဲ့ အပ်ချည်

(၁)

ပထမအဆင့်

 

အရင်ဦးဆုံး ပုံမှာပြထားတဲ့အတိုင်း ဘရာစီယာရဲ့ နောက်ကျောဘက်က ကြိုးစကို ကတ်ကြေးနဲ့ ညှပ်လိုက်ပါ။ နောက်တစ်ဖက်ကိုလည်း ထိုနည်းတူ ဖြတ်ရပါမယ်။

(၂)

ဒုတိယအဆင့်

 

ဘရာစီယာပုံစံခွက်ဘေးက အစကို ကတ်ကြေးနဲ့ ညှပ်ထုတ်ရပါမယ်။ ညှပ်တဲ့အခါမှာ ခွက်အနားနဲ့ နီးနိုင်သမျှနီးကပ်စွာ ညှပ်ပေးပါ။ အဲဒီအစကို အသုံးမလိုတော့မှာမို့လို့ ဖယ်ထားလိုက်ပါ။

(၃)

တတိယအဆင့်

 

ပြီးရင် စောစောကဖြတ်ထားတဲ့ကြိုးစကို ဘရာစီယာခွက်ရဲ့ အောက်ခြေနားမှာ ကပ်ပြီး ချုပ်ပေးလိုက်ပါ။ မချုပ်ခင် သင်ဝတ်လို့အဆင်ပြေမယ့်နေရာကို ဘရာကြိုးစဖြင့် တိုင်းရင်ပိုကောင်းပါတယ်။ ကြိုးစကို အတိုအရှည် ညှိလို့လည်းရပါတယ်။

အားလုံးချုပ်ပြီးပြီဆိုရင်တော့ နောက်ဆုံးပုံထဲကအတိုင်း ဖြစ်နေမှာပါ။

(၄)

ရုတ်တရက်ကြည့့်ရင် တစ်မျိုးကြီးလို့ထင်ရပေမယ့် ဝတ်ကြည့့်ပြီးရင် အံ့သြစရာကောင်းလောက်အောင် အဆင်ပြေနေတာကို တွေ့ရမှာပါ။

Source :  A plus

Share

Loading Next Article...
က္က