လက်သည်းပေါ်မှာ သွားတိုက်ဆေးကို ၁ မိနစ်ထားပြီးမှ ပွတ်တိုက်ပေးလိုက်မယ်ဆို အရောင်မညစ်တော့ပါဘူး။
 

၁။ လက်သည်းနီဆိုးတဲ့အခါ အရောင်တစ်မျိုးတည်းဆိုးရတာလည်း မကြိုက်ဘူး၊ ဒါပေမဲ့ ကိုယ်တိုင်လည်း ပုံမဖော်တတ်ဘူးဆိုရင် အလွယ်ဆုံးနည်းကိုသုံးပါ။ သံချောင်း၊ သွားကြားထိုးတံတို့ကို သုံးပြီး အစက်အပြောက်လေးတွေ လိုက်ချပေးပေါ့။ အစက်တွေက အရွယ်အစားမတူရင် ပိုလှပါတယ်။

 

၂။ လက်သည်းတွေက ဝါနေတာ၊ အရောင်ညစ်နေတာမျိုးဆိုရင် စိတ်ညစ်စရာကြီးလေ။ ကြည်လင်ဖြူဖွေးတဲ့ လက်သည်းလေးတွေရဖို့ သွားတိုက်ဆေးကို သုံးနိုင်ပါတယ်။ လက်သည်းပေါ်မှာ သွားတိုက်ဆေးကို ၁ မိနစ်ထားပြီးမှ ပွတ်တိုက်ပေးလိုက်မယ်ဆို အရောင်မညစ်တော့ပါဘူး။

ဆက်စပ်ဖတ်ရှုနိုင်စရာ ---> လက်သည်းသန့်စင်ခြင်း (Manicure) လုပ်ရာမှာ ပိုမိုလွယ်ကူစေမယ့်နည်း (၄) မျိုး

 

၃။ လက်သည်းနီဆိုးတိုင်း လက်သည်းအပြင်ကိုချော်ဆိုးမိလို့ အသားမှာ လက်သည်းဆိုးဆေးတွေ ပေရတာလည်း တစ်ဒုက္ခပါပဲ။ ဒါကိုဖြေရှင်းဖို့ဆို လက်သည်းဘေးကအသားကို vaseline လူးထားလိုက်လေ။ လက်သည်းဆိုးဆေးတွေ ပေကုန်ရင်တောင်မှ အလွယ်လေးဖယ်ရှားလို့ရပါတယ်။

 

၄။ လက်သည်းဆိုးဆေး ဆိုးထားပြီး တော်တော်နဲ့မခြောက်လို့ အာညောင်းအောင် လေမှုတ်မနေပါနဲ့။ ဆိုးပြီး ၂ မိနစ်လောက်နေရင် ရေခဲရေထဲမှာ လက်ကို ၃ မိနစ် စိမ်ထားလိုက်ပါ။ လက်က အေးတဲ့ဒဏ်မခံနိုင်ရင် ထုတ်ပြီးမှ ရေထဲပြန်စိမ်ပေါ့။ လက်သည်းနီတွေ မပျက်ဘဲ မြန်မြန်ခြောက်သွားတာကို တွေ့ရပါလိမ့်မယ်။

 

၅။ နောက်ထပ် လက်သည်းအလှဆင်နည်းတစ်ခုကို ပြောပါဦးမယ်။ ငှက်မွေးတွေကို သုံးနိုင်ပါတယ်။ လက်သည်းဆိုးဆေးအကြည် (base coat) ပေါ်မှာ ငှက်မွေးတွေကို ကပ်လိုက်ပါ။ လက်သည်းနဲ့အတိ တိုင်းဖြတ်ပြီးမှ အပေါ်ကနေ top coat တစ်ထပ်ဆိုးလိုက်ရင် အရမ်းလန်းသွားပါပြီ။

Source : Bright Side

Share

Loading Next Article...
က္က