၅ လက်မလောက် ပိုရှည်သွားသလို ဖြစ်လာမှာပါ။

ပိုနီတေးလ် (ponytail) ဆံပင်ပုံစံဟာ ဦးခေါင်းနောက်မှာ ဆံပင်တွေကို သားရေကွင်းတစ်ခုနဲ့ စုစည်းလိုက်တာကို ခေါ်ဝေါ်တာပါ။ လျော့တိလျော့ရဲ စည်းနှောင်ကြသလို ခပ်မြင့်မြင့်လေး စည်းထားရင်တော့ စမတ်ကျတဲ့အသွင် ပေါ်လာစေပါတယ်။ ပိုနီတေးလ်အမြင့် စည်းမယ်ဆို ဆံပင်ကရှည်မှ လှလိမ့်မယ်လို့ တစ်ထစ်ချ မှတ်မထားပါနဲ့။ အခု ဖော်ပြမယ့် လျှို့ဝှက်ချက်ကိုသာ သိထားရင် ဆံပင်သိပ်မရှည်ဘဲနဲ့လည်း ပိုနီတေးလ်အမြင့်လေးနဲ့ လှနေတော့မှာဖြစ်ပါတယ်။

 

အဆင့် တစ်

ဆံပင်ကို ခြောက်သွေ့အောင်ပြုလုပ်ထားပါ။ ကိုယ်နှစ်သက်ရာ ခရင်မ်၊ အဆီတစ်မျိုးကို လူးထားလိုက်ပါဦး။ ပိုနီတေးလ်အမြင့်အတွက် သားရေကွင်းနှစ်ခုနဲ့၊ ဆံပင်လိပ်တံ၊ ဆံပင်ဖြန်းကော်ရည်တို့ လိုအပ်ပါတယ်။

 

အဆင့် နှစ်

ဆံပင်ကို နှစ်ပိုင်းခွဲပြီး စည်းထားလိုက်ပါ။ အပေါ်တစ်ပိုင်းရဲ့ လက်လေးလုံးအကွာမှာ ဒုတိယတစ်ပိုင်းကို ထားပေးရပါမယ်။ ခွဲစည်းထားတဲ့ ဆံပင်နှစ်ပိုင်းလုံးရဲ့ အဖျားတွေကို ဆံပင်လိပ်တံနဲ့ လိပ်ပေးရပါမယ်။ အများကြီး မလိုပါဘူး။ အဖျားတွေပဲ လိပ်ပေးရပါမယ်။

 

အဆင့် သုံး

သဘာဝကျကျလေးဖြစ်ဖို့ လိပ်ထားတာတွေကို လက်ချောင်းလေးတွေနဲ့ အသာအယာ ဖြည်ပေးပါ။ ပုံစံမပျက် ရှိနေဖို့ဆိုရင် ဆံပင်ဖြန်းစပရေးဘူးကို သုံးရပါမယ်။ စပရေးနဲ့ ဆံပင်တွေကို ဖြန်းထားလိုက်ပါ။

 

ခုဆိုရင် အဖျားလေးတွေ လိပ်ခွေနေတဲ့ ခပ်မြင့်မြင့် ပိုနီတေးလ်ဆံပင်ပုံစံ ရပါပြီ။ လျော့တိလျော့ရဲ စည်းထားတဲ့ ပိုနီတေးလ်က မျက်နှာကို ပိုရင့်ရော်စေတယ်လေ။ အခုပြောပြထားသလို လုပ်ကြည့်မယ်ဆို စမတ်ကျပြီး ပိုလှနေတော့မှာ သေချာပါတယ်။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ဇွန်းနဲ့ မျက်လုံးအလှပြင်နည်း ( ၄ ) ခု

Photo : She Knows

Share

Loading Next Article...
က္က