ဖက်ရှင်နဲ့သွင်ပြင်ကို ပြောင်းလဲလိုက်ခြင်းဟာ ကိုယ့်ကိုပိုမိုပေါ်လွင်သွားစေပြီး မိမိကိုယ်ကိုယုံကြည်မှု ပိုမိုရှိလာစေပါတယ်။
 

အမြဲတမ်းလိုလို ပုံစံတစ်မျိုးတည်းကိုပဲ ပြင်ဆင်နေရင်းက ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်ဖို့ စိတ်ကူးပေါ်လာပြီလား။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲရမယ် ဆိုတာကိုတော့ မသိဘူးဆိုသူတွေအတွက် အကြံကောင်းတချို့ မျှဝေလိုက်ပါတယ်။

၁။ နီရဲတဲ့နှုတ်ခမ်းတစ်စုံ

နှုတ်ခမ်းတစ်စုံအတွက်ဆိုရင် ဘယ်အရောင်ကမှ အနီရောင်လောက် ဆွဲဆောင်အား မပြင်းထန်ပါဘူး။ မျက်နှာကိုလည်း ချက်ခြင်းပြောင်းလဲသွားစေနိုင်တယ်လေ။ အနီဖျော့ကနေ ကြက်သွေးရောင်လို အရောင်ရင့်ရင့်တွေအထိ အနု၊အရင့် အမျိုးမျိုးရှိသည့်တိုင်အောင် အနီရောင်ယှက်သမ်းတဲ့ နှုတ်ခမ်းတစ်စုံဟာ လူတစ်ယောက်ရဲ့သွင်ပြင်ကို တခဏအတွင်း ပြောင်းလဲပေးနိုင်ပါတယ်။

ဆက်စပ်ဖတ်ရှုချင်စရာ ---> အမျိုးသားများကို အဆွဲဆောင်နိုင်ဆုံး နှုတ်ခမ်းတွေကို ပိုင်ဆိုင်တဲ့ ဆယ်လီများ

4_189702635.jpg 

၂။ Accessories

ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်သူတိုင်းမှာ Accessories (တွဲဖက်အသုံးအဆောင်ပစ္စည်း)တွေ ရှိတတ်ကြပါတယ်။ အဝတ်အစားကိုချည်းပဲ ဦးစားပေးနေရုံနဲ့ မပြီးပါဘူး။ ပုဝါ၊ မျက်မှန်၊ လက်ပတ် စတာတွေက ကိုယ့်ကိုပြောင်းလဲသွားစေပါတယ်။ ဆောင်းရာသီရောက်လို့ ဈေးကြီးတဲ့အနွေးထည်ကိုလည်း မဝယ်ချင်၊ ဖက်ရှင်ကိုလည်း ပြောင်းချင်ရင် သိုးမွေးပုဝါတစ်ထည်လောက်ကို ရွေးချယ်လိုက်တာက ငွေကုန်သက်သာပြီး ပုံစံကို ပြောင်းလဲပေးမှာပါ။

maxresdefault.jpg 

၃။ ဆံပင်ပုံစံ

ဆံပင်ကို ဖြောင့်မလား၊ ကောက်မလား။ ဒါမှမဟုတ် ညှပ်မလား၊ ဆေးဆိုးမလား။ ကြိုက်တာတစ်ခုခုသာလုပ်ကြည့်လိုက် ကိုယ့်ပုံစံက ကျိန်းသေပေါက် ပြောင်းလဲသွားမှာ အသေအချာပါပဲ။ ဆံပင်ပုံစံပြောင်းလိုက်ရင် အသွင်အပြင်သာ ပြောင်းရုံသာမက ကိုယ့်စိတ်လည်း အပြောင်းအလဲဖြစ်စေပါတယ်။ ပိုပြီးလန်းဆန်းသွားဖို့အတွက်ဆို ဆံပင်ကို တစ်ခုခုလုပ်ကြည့်ပါလို့ အကြံပေးပါရစေ။

ဆက်စပ်ဖတ်ရှုချင်စရာ --->  ဆံပင်အတိုနဲ့ လိုက်၊ မလိုက် သိစေမယ့်နည်း

Share

Loading Next Article...
က္က