စိတ်အပန်းဖြေဖို့အတွက် ကမ်းခြေသွားတာက ကောင်းပါတယ်။ လတ်ဆတ်တဲ့လေနဲ့ ပင်လယ်ရဲ့အရသာက စိတ်ကိုလန်းဆန်းစေတယ်လေ။ ကမ်းခြေကိုချစ်သူတွေကတော့ ကိုယ့်အသားအရေကိုချစ်ပေးဖို့ လိုပါတယ်။
 

၁။ ရေချိုးပြီး ခရင်မ်လူး

ပင်လယ်ရေက ဆားဓာတ်များတော့ အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ရေထဲက တက်လာတာနဲ့ ရေချိုနဲ့ ချက်ခြင်းပြန်ချိုးပေးပါ။ ပြီးရင် အစိုဓာတ်ဖြည့်ခရင်မ် လူးပေးဖို့ လိုပါတယ်။

ဆက်စပ်ဖတ်ရှုချင်စရာ ---> နေလောင်ဒဏ်ခံထားရတဲ့ အသားအရေကို ပြန်ပေါင်းတင်မယ်

၂။ ခြေထောက်ကိုလည်း ဂရုစိုက်

သဲသောင်ပြင်မှာ လမ်းလျှောက်ထားတာဆိုတော့ ခြေဖဝါးတွေကိုလည်း ဂရုစိုက်ရမှာပေါ့။ ပင်လယ်ထဲရောက်ရင်တော့ ခြေထောက်တွေကို သဲနဲ့ပွတ်တိုက်ပြီး ကြေးချွတ်လိုက်ပါ။ ခြေဖဝါးတွေကိုတော့ ရေထဲက ပြန်တက်လာတော့မှ ခြေထောက်တွေကို အစိုဓာတ်ဖြည့်ခရမ် လူးပေးထားလိုက်ပါ။ ဒီလိုဆို သိသိသာသာကို ဝင်းပစိုပြေနေတာကို တွေ့ရပါလိမ့်မယ်။

 

၃။ ဆံပင်တွေ

ဆံပင်တွေကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ပင်လယ်ရေဟာ ဆံပင်တွေကိုလည်း ကြမ်းတမ်းပျက်စီးသွားစေပါတယ်။ တစ်နေ့တည်းနဲ့ကို ဆံပင်က နီကြောင်ကြောင်ဖြစ်သွားရတာကိုကြည့်တာနဲ့ ဂရုစိုက်ထိန်းသိမ်းရတော့မယ်ဆိုတဲ့ အချက်ပေးသံမြည်လာတယ်လို့ မှတ်လိုက်ပါ။ ဆံပင်ကို ပြန်ပြီးပေါင်းတင်ပေးရပါမယ်။

၄။ မျက်နှာ

အရေးအကြီးဆုံး အရာကတော့ မျက်နှာပါပဲ။ နေလောင်ဒဏ်၊ ဆားရေဒဏ် ထိထားပြီဆိုတော့ နီရဲ ကြမ်းတမ်းသွားပြီလေ။ ပင်လယ်ထဲမဆင်းခင် နေရောင်ကာလူးဆေး လိမ်းပြီးမှ ဆင်းပါ။ ပြန်တက်လာရင်လည်း မျက်နှာကိုသန့်စင်ဆေးကြောပေးဖို့ မမေ့ပါနဲ့။ အစိုဓာတ်ကိုလည်း ဖြည့်ပေးရမယ့်အပြင် ညရောက်ရင်လည်း night cream ကို မဖြစ်မနေ လူးပြီးမှ အိပ်သင့်ပါတယ်။

 

ဆက်စပ်ဖတ်ရှုချင်စရာ ---> အသားအရေအတွက် ရှားစောင်းလက်ပတ်

 

၅။ နှုတ်ခမ်း

နှုတ်ခမ်းသားလေးတွေဟာ အရေပြားထက် ပိုပါးတာကြောင့် နေလောင်ဒဏ်ခံရတဲ့အခါ ညိုမည်းသွားရပါတယ်။ Lip balm လေး လူးပေးပါ။

Source : About Style


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က