ဘယ်အမှတ်တံဆိပ်ကိုပဲ သုံးသုံး ကိုယ်နဲ့ကိုက်ညီနေဖို့ကသာ အရေးကြီးဆုံးပဲ။

မိန်းကလေးတိုင်းကတော့ လှချင်တာချည်းပဲ။ မိတ်ကပ်မကြိုက်ဘူးဆိုရင်တောင်မှ အောက်ခံမိတ်ကပ် (foundation) လေးကတော့ လိမ်းဖြစ်ကြတယ်ဟုတ်။ ဘယ်အမှတ်တံဆိပ်ကိုပဲ သုံးသုံး ကိုယ်နဲ့ကိုက်ညီနေဖို့ကသာ အရေးကြီးဆုံးပါနော်။ ဈေးကြီးပေးရတာတွေ မသုံးနိုင်တာထက် အတုတွေသုံးမိပြီး အသားအရေပျက်စီးသွားမှသာ နောင်တတွေ တသီကြီးရမိမှာ။ ဆိုတော့ကာ ဈေးမကြီးဘဲနဲ့ သုံးလို့ကောင်းတဲ့ Drugstore ဖောင်ဒေးရှင်းလေးမျိုးကို ပြောပြမယ်လေ။

 

၁။ Revelon ColorStay

ပေါင်းစပ်အသားအရေ၊ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင်တော့ ဒါလေးက အတော်လေးအသုံးဝင်လိမ့်မယ်။ လိမ်းထားရင် အသားပေါ်မှာ တစ်သားတည်းဖြစ်သွားပြီး လိမ်းလို့လိမ်းထားမှန်းတောင် မသိသာဘူး။ ၆ နာရီလောက် ကြာတာတောင်မှ အဆီသိပ်မပြန်တာကတော့ သူ့ရဲ့အားသာချက်လို့ပြောရမယ်။ သူကတော့ တစ်ဘူးကို မြန်မာငွေ ကျပ် တစ်သောင်းခြောက်ထောင်ဝန်းကျင် ပေးရတယ်။

 

၂။ L'Oréal Pro-Matte

သူကတော့ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်နဲ့လည်း အဆင်ပြေသလို အဆီပြန်တတ်သူတွေလိမ်းတာလည်း အဆင်ပြေတယ်လို့ ညွှန်းကြတယ်။ Matte အမျိုးအစားဆိုတော့ လိမ်းထားရင် ခပ်သိပ်သိပ်လေးဖြစ်နေတယ်။ Dewy look ပုံစံကို ကြိုက်တဲ့လူတွေကတော့ တော်တော်သဘောကျကြတယ်။ ဈေးကတော့ တစ်သောင်းကျော်လောက်ပဲရှိတယ်။

 

၃။ Maybelline Fit Me Matte + Poreless

Maybelline ပစ္စည်းတွေကတော့ ဈေးလည်းမကြီးဘူး။ သုံးရလည်း အဆင်ပြေတယ်။ မြန်မာနိုင်ငံက အသားအရေနဲ့ကိုက်တယ်လို့ ပြောရမယ်။ Fit Me ကိုတော့ rating များများလေး ပေးချင်ပါတယ်။ လိမ်းလို့အရမ်းကောင်းပြီး အဆီမပြန်တဲ့အပြင် မိတ်ကပ်သားလည်းညီတယ်။ သူကတော့ stick ပုံစံနဲ့ရော အရည်နဲ့ရော နှစ်မျိုးရတယ်။ ဒီက ကောင်တာတွေမှာ သိပ်မတွေ့ရဘူး။ တချို့ဆိုင်တွေမှာတော့ ရနိုင်ပါတယ်။ သူလည်းပဲ တစ်သောင်းခွဲလောက်ပဲ ပေးရတာ။ နာရီတော်တော်ကြာတဲ့ထိကို မိတ်ကပ်က အဆီမပြန်ဘဲ စွဲနေတာကို အရမ်းသဘောကျမိတယ်။

 

၄။ Covergirl Clean Matte BB Cream

BB Cream ထဲမှာတော့ Covergirl က ထုတ်တာလေး မဆိုးဘူး။ မိတ်ကပ်လိမ်းဖို့ အချိန်မရတဲ့လူတွေအတွက် ဆောင်ထားသင့်တဲ့ဟာလေးပါ။ လိမ်းရတာ မြန်တယ်။ ဆွဲစရာသိပ်မလိုဘူး။ သဘာဝကျကျပုံလေးလည်းထွက်တယ်။ ဈေးကတော့ တစ်သောင်းမကျော်ပါဘူး။

 

၅။ Wet n Wild Photo Focus

Wet n Wild ထုတ်ကုန်တွေက ဒီမှာဝယ်ရင် ဈေးများတာတော့ အမှန်ပဲ။ တခြားဟာတွေ မသုံးဖြစ်ဘူးဆိုရင်တောင်မှာ ဒါလေးကတော့ သုံးကြည့်သင့်ပါတယ်။ သူပြောထားသလိုပဲ Photo Focus ဆိုတဲ့အတိုင်း ဓာတ်ပုံထဲမှာ တော်တော်ကြည့်ကောင်းတယ်။ ပွဲသွားပွဲလာမှာ လိမ်းလို့အဆင်ပြေတယ်။

Source : Allure

Share

Loading Next Article...
က္က