ငွေကုန်ကြေးကျအရမ်းမများဘဲ အရေပြားထိန်းသိမ်းလိုရင်တော့ essential oil လေးတွေက အကောင်းဆုံးပါပဲ။
 

ခုတလော အရေပြားက ခြောက်သွေ့ပြီး ပွယောင်းယောင်းဖြစ်နေသလို ခံစားနေရပါသလား။ ဒါမှမဟုတ် အဆီခဏခဏပြန်လို့ မိတ်ကပ်တွေခဏခဏပျက်နေပါသလား။ လူ့ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားက ထိခိုက်အလွယ်ဆုံးနဲ့ ပတ်ဝန်းကျင်က အရာဝတ္ထုတွေ၊ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့မှုအများဆုံးဖြစ်နေလို့ အထူးဂရုစိုက်သင့်တာအမှန်ပါပဲ။

တကယ်လို့ ငွေကုန်ကြေးကျအရမ်းမများဘဲ အရေပြားထိန်းသိမ်းလိုရင်တော့ essential oil လေးတွေက အကောင်းဆုံးပါပဲ။

၁။ လာဗင်ဒါဆီ

Lavenderessentialoil.jpg 

လာဗင်ဒါဆီက ခြောက်သွေ့တဲ့အရေပြားအတွက်ကောင်းမွန်တယ်ဆိုပေမယ့် အဆီပြန်တဲ့အသားအရေနဲ့ ထိလွယ်ခိုက်လွယ်တဲ့အသားအရေတွေအတွက်လည်း ကောင်းမွန်ပါတယ်။ သူ့မှာ ဘက်တီးရီးယားနဲ့ မှိုရောဂါကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။ ဒါကြောင့်ခြောက်သွေ့တဲ့အရေပြားပိုင်ရှုင်တွေအနေနဲ့ အရေပြားလေးချောမွေ့နေအောင်၊ ဝက်ခြံပေါက်နေမယ်ဆိုရင် သက်သာပျောက်ကင်းအောင် လာဗင်ဒါဆီလေး စမ်းသုံးကြည့်နိုင်ပါတယ်။ နောက်ပြီး အမာရွတ်တွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။

၂။ လက်ဖက်ပင်ဆီ

7-Toxic-Things-You-Can-Replace-With-Tea-Tree-Oil-1.jpg 

တကယ်လို့ခင်ဗျားရဲ့အသားအရေက အဆီပြန်ပြီး ထိခိုက်လွယ်နေတယ်ဆိုရင် လက်ဖက်ပင်ဆီလေးက အကောင်းဆုံးပါပဲ။ နောက်ပြီး သူက ခြောက်သွေ့နေတဲ့အရေပြားအတွက်လည်း အကောင်းဆုံး essential oil တစ်မျိုးပါပဲ။ နောက်တစ်ခုက သူ့ကိုလိမ်းထားရင် ဘက်တီးရီးယားပိုးမွှားတွေ တော်ရုံနဲ့မကပ်နိုင်တော့ပါဘူး။ အရေပြားကို ပြန်လည်နုပျိုစေပြီး ချောမွတ်စေတဲ့အတွက် ဝက်ခြံတွေ၊ အဆီပိုတွေဆိုတာလည်း ဝေလာဝေးပါပဲ။

၃။ သံပုရာဆီ

20160616142441682.jpg 

အဆီပြန်တဲ့အရေပြားပိုင်ရှင်တွေအတွက်ကတော့ သဘာဝအတိုင်း အက်ဆစ်ဓာတ်ပါဝင်မှုများပြားတဲ့အဆီတစ်မျိုးမျိုးကို စမ်းသုံးကြည့်သင့်ပါတယ်။ ဒါဆိုရင်တော့ သံပုရာဆီက အသင့်တော်ဆုံးပါပဲ။ အဆီပြန်မှု ကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရသူတွေအတွက်တော့ အဆီတွေကို ဖယ်ရှားပေးပြီး အရေပြားအစိုဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

၄။ ရို့စ်မေရီဆီ

rosemary-essential-oil-1.jpg 

ရို့စ်မေရီဆီကတော့ အဏုဇီဝပိုးမွှားငယ်လေးတွေနဲ့ ဘက်တီးရီးယားပိုးငယ်လေးတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး အဆီပြန်မှုကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေပြီး အရေပြားလေးဝင်းလက်တောက်ပနေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

၅။ ဂျူနီပါပန်းဆီ

CCS554A-0021-edit-Download_1500x.jpg 

ဂျူနီပါပန်းဆီကတော့ သဘာဝသန့်စင်ဆေးတစ်မျိုးဖြစ်သလို အရေပြားပေါ်ကအဆိပ်အတောက်တွေကို လှုံ့ဆော်ဖယ်ရှား ပေးသူလည်း ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ စပ်ဖျင်းဖျင်းဖြစ်စေတဲ့ဂုဏ်သတ္တိက ဝက်ခြံကာကွယ်ရာနဲ့ ကုသရာမှာအသုံးဝင်ပါတယ်။ အရေပြားသန့်စင်စေဖို့လည်း ကူညီပေးပါတယ်။

Source: stylecraze

Share

Loading Next Article...
က္က