လက်နဲ့တိုက်ချမိလို့ကြေမွသွားတဲ့ Eyeshadow လေးတွေကို ဒီ DIY လေးနဲ့ပြန်ကောင်းအောင်လုပ်လို့ရပါတယ်။


တစ်ခါတလေမှာ Eyeshadow ဘူးကိုသုံးနေရင်း လက်နဲ့တိုက်မိလို့ မှန်တင်ခုံပေါ်ကပြုတ်ကျပြီး ကြေမွသွားလို့သုံးမရတော့တာတွေ ကြုံဖူးကြမှာပေ့ါ။ ဝယ်ထားတာမကြာသေးတဲ့ ဘူးအသစ်ကြီးဆိုရင် နှမျောစရာကြီးလေ။ နှမျောစိတ်နဲ့သုံးဖို့ ကြိုးစားလည်း အထဲက eyeshadow တွေက ကြေမွနေတော့ သုံးရအဆင်မပြေတော့ဘူးပေါ့။ ခုပြသမယ့် DIY လေးကတော့ ကြေမွသွားတဲ့ Eyeshadow တွေကို မူလအတိုင်းပြန်သုံးလို့ရစေမယ့် ရိုးစင်းတဲ့နည်းလမ်းလေးတစ်မျိုးပါ။ လုပ်ရတာလည်းအရမ်းလွယ်သလို လုပ်ရမယ့်အဆင့်လည်း သိပ်မများပါဘူး။
အရင်ဆုံး ကွဲကြေပြီး တစ်ပိုင်းတစ်စဖြစ်နေတဲ့ Eyeshadow လေးတွေကို အမှုန်လေးတွေဖြစ်တဲ့အထိ ခဲတံလေးနဲ့ပဲဖြစ်ဖြစ် တခြားအချွန်တစ်ခုခုနဲ့ပဲဖြစ်ဖြစ် ခြေပေးပါ။



ပြီးရင် အကောင်းအတိုင်းရှိနေတဲ့ ကျန်တဲ့ eyeshadow တွေကို တစ်ခုခုနဲ့ ဖုံးထားပေးပါ။



အရက်ပျံကို spray နဲ့ပဲဖြစ်ဖြစ် အစက်ချပြီးတော့ပဲဖြစ်ဖြစ် အမှုန့်ခြေပြီးသား Eyeshadow ပေါ်ကို စိုတယ်ဆိုရုံလေးဖျန်းပေးပါ။ နောက်ပြီး Eyeshadow ခွက်လေးနဲ့ အရွယ်တူတဲ့ ဒင်္ဂါးပြားလေးကိုရှာပြီး အဝတ်စသန့်သန့်နဲ့ ပတ်ပါ။



ပြီးရင် အရက်ပျံဖျန်းထားတဲ့ အမှုန့်ပေါ်ကို အဝတ်ပတ်ထားတဲ့ဒင်္ဂါးပြားလေးနဲ့ စက္ကန့် ၃၀ ခန့် ဖိထားပေးပါ။



စက္ကန့် (၃၀) ပြည့်ရင် ဖိထားတာကိုဖယ်လိုက်ပြီး Eyeshadow ကို အခြောက်ခံပါ။



ဘေးနှုတ်ခမ်းသားမှာပေနေတဲ့ အမှုန်လေးတွေကိုတော့ အဝတ်သန့်သန့်နဲ့ သန့်စင်ပေးလိုက်ပါ။



ကဲ … ဒါဆို အဆင့်အားလုံးပြီးပြီးမို့ နဂိုအတိုင်းကဲ့သို့ အသစ်လေးလိုဖြစ်နေတဲ့ မိမိရဲ့ Eyeshadow လေးကိုကြည့်ပြီး စိတ်ချမ်းသာနိုင်ပြီပေါ့။



Source: Instructables

Share

Loading Next Article...
က္က