Beauty & Fashion: Fifty Shades Darker ဇာတ်ကားထဲမှာ မင်းသမီးဝတ်တဲ့ အတွင်းခံဒီဇိုင်းများ

, updated

ဒတ်ကိုတာဂျွန်ဆင်ဟာ ဒီလိုဆွဲဆောင်အားပြင်းတဲ့ အတွင်းခံတွေကြောင့်လည်း ပိုပြီးကြည့်လို့ကောင်းခဲ့တာဖြစ်ပါတယ်။

play

 

Fifty Shades of Grey ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်တဲ့ Fifty Shades Darker ဇာတ်လမ်းမှာ ခေါင်းဆောင်မင်းသမီး ဒတ်ကိုတာဂျွန်ဆင် ဝတ်ဆင်ခဲ့တဲ့ အတွင်းခံတွေကို Coco de Mer အတွင်းခံကုမ္ပဏီက စတင်ဖြန့်ချိလိုက်ပါတယ်။

play

 

ကြော်ငြာပုံရိပ်တွေကလည်း Fifty Shades of Grey မှာ ပြသခဲ့တဲ့ဇာတ်ဝင်ခန်းတွေလို စိတ်ဆန္ဒကိုဖော်ကျူးနေတဲ့ဟန်တွေနဲ့ ကြော်ငြာထားတာပါ။

play

 

Fifty Shades Darker အတွင်းခံအဝတ်အထည်တွေဟာ အမျိုးသမီးတွေရဲ့ အတွင်းစိတ်အရှင်သခင်ကို ပေါ်လွင်အောင် ကူညီပေးဖို့ ရည်ရွယ်တယ်လို့ Coco de Mer က ဆိုတယ်။ ဒီလိုစကားအသုံးအနှုန်းကလည်း Fifty Shades ဇာတ်ကောင် အန်နာစတေးရှား စတီးလ် သုံးနေကြစကားပါပဲ။

play

 

အန်နာစတေးရှားနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ဒတ်ကိုတာဂျွန်ဆင်ဟာ ဒီလိုဆွဲဆောင်အားပြင်းတဲ့ အတွင်းခံတွေကြောင့်လည်း ပိုပြီးကြည့်လို့ကောင်းခဲ့တာဖြစ်ပါတယ်။

play

 

Fifty Shades စာရေးဆရာမကတောင် ဒီအတွင်းခံတွေကြောင့် အန်နာ (ဒတ်ကိုတာဂျွန်ဆင်)ရဲ့ လိင်ဆွဲဆောင်မှု နိုးကြွစေပြီး အဆင့်မြင့်မြင့် ကျက်သရေရှိကာ ချစ်စိတ်ကိုနိုးကြွစေတယ်လို့ ဆိုထားပါသေးတယ်။

Photos : Shutterstock

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ