ဆံပင်တွေဖွာလန်ပြီး ဖို့ယို့ဖားလျားနဲ့က ဂွမ်းတာပေါ့။

ကိုယ့်ရဲ့ Crush ရှေ့မှာ ဘယ်သူကမှ မဂွမ်းချင်ဘူး။ လန်းလန်းလေးပဲ ဖြစ်ချင်တာ။ Crush ကို တွေ့ရတာကလည်း gym မှာဆိုတော့ ဘယ်လိုမှ ပြင်ဆင်လို့မရဘူး။ သိကြတဲ့အတိုင်းပဲလေ လေ့ကျင့်ခန်းလုပ်ပြီဆိုမှဖြင့် မိတ်ကပ်တွေလိမ်း ဒေါက်ဖိနပ်စီး စကတ်ဝတ်လို့မှမရတာ။ ဒါတွေကတော့ ချွင်းချက်ပေါ့။ လုပ်နိုင်တာတစ်ခုကို ပြောရရင် ဆံပင်ပဲ။ ဆံပင်ကို သားရေကွင်းနဲ့ ခပ်လျော့လျော့ စည်းထားတာထက် ပိုများတဲ့စတိုင်လ်တွေရှိပါတယ်။ Gym ဆော့ချိန်မှာ ထုံးဖွဲ့လို့ရတဲ့ ဆံပင်စတိုင်လ်အလန်းလေးတွေပေါ့။

 

၁။ ပိုနီတေးအမြင့်

ခေါင်းနောက်မှာ သားရေကွင်းနဲ့ဆံပင်ကိုစည်းရင် ပိုနီတေးအမြင့်လေးစည်းပါ။ ပိုနီတေးစည်းတာက မြင့်လေလေ မျက်နှာလေးပိုသွယ်လေလေပါပဲ။ ခေါင်းစည်းကြိုးမပေါ်အောင်လို့ အပေါ်ကနေ ဆံပင်တွေနဲ့ ပြန်ရစ်နှောင်လိုက်တာက သာမာန်ပိုနီတေးထက် ပိုလန်းပါတယ်။

 

၂။ လွယ်ကူတဲ့ဆံထုံး

ပိုနီတေးအမြင့် စည်းသလို စည်းပြီးရင် ဆံပင်ကိုရစ်ပတ်လိုက်မယ်ဆို ပေါင်မုန့်လုံးလေးလို ဆံထုံးလေးဖြစ်သွားပါပြီ။ ဆံပင်တွေမပြေအောင် ခွကလစ်လေးတွေနဲ့ ထိုးစိုက်ပြီး ထိန်းထားနိုင်ပါတယ်။

 

၃။ ကျစ်ဆံမြီးနှစ်ဖက်

ဆံပင်တွေလည်း မပျက်စီးရအောင်၊ သပ်သပ်ရပ်ရပ်လေးနဲ့ လူကို ချစ်စရာကောင်းတဲ့ပုံလေး ဖြစ်သွားအောင်အတွက်တော့ ကျစ်ဆံမြီးလေးနှစ်ဖက်က အကောင်းဆုံးပဲ။

 

၄။ ကျစ်ဆံမြီးပိုနီတေး

ခေါင်းထိပ်ပိုင်းကို ကျစ်ဆံမြီးကျစ်လိုက်ပေါ့။ နောက်ဘက်ကိုတော့ ပိုနီတေးအမြင့်လေး စည်းထားလိုက်ရင်လည်း အလန်းလေး ဖြစ်သွားလိမ့်မယ်။ သူများထက်တော့ ထူးခြားနေတဲ့ ဆံပင်စတိုင်လ်က crush ရှေ့မှာတော့ ရှိုးထုတ်လို့ကောင်းပါတယ်။

Source : Shape

Share

Loading Next Article...
က္က