Beauty & Fashion: Headphones အသုံးပြုခြင်းက ဆံပင်ကို ပျက်စီးစေနိုင်

သင့်ဆံပင်အတွက် သတိထားရမယ့်အရာတစ်ခု တိုးလာပြန်ပါပြီ။

play

 

ပထမတုန်းက ပုခုံးလွယ်အိတ်တွေက ဆံပင်ကို ပျက်စီးစေတယ်လို့ သိရှိခဲ့ရပါတယ်။ အခုလည်း Headphones တွေက ဆံပင်ကို ပျက်စီးစေနိုင်တယ်လို့ နောက်တစ်ခု သိရှိလိုက်ရပြန်ပါပြီ။

ဂီတတွေနဲ့ လူတွေရဲ့စိတ်ကို လန်းဆန်းစေတယ်လို့ ယုံကြည်ထားတဲ့ အရာတစ်ခုဟာ အခုလို ဆိုးကျိုးလည်း ရှိနေမယ်လို့ ဘယ်သူမှ ထင်မိမှာ မဟုတ်ပါဘူး။

play

 

ခေါင်းပေါ်အထိ အုပ်ရတဲ့ နားကျပ်တွေကို ရေရှည်အသုံးပြုခြင်းက ဆံပင်တွေကို ပျက်စီးစေတယ်လို့ နာမည်ကျော် ဆံကေသာပညာရှင် ကက်စတီလိုက ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Headphones ကြီး တပ်ပြီး သီချင်းနားထောင်ရင်း လျှောက်သွားနေချိန်မှာ Headphones က သင့်ရဲ့ခေါင်းကို ရှေ့နောက် တွန်းတိုက်နေပြီး သင်တောင် သတိမထားမိလိုက်ပဲ ကြိမ်ဖန်များစွာ သင့်ဆံပင်ကို ပွတ်တိုက်နေမှာ ဖြစ်ပါတယ်။

play

 

အဲဒီလို ပွတ်တိုက်ခြင်းက ခေါင်းပေါ်က မွေးညင်းပေါက်လေးတွေကို ထိခိုက်စေပြီး ဆံပင်တွေ တဖြည်းဖြည်း ပါးလွှာသွားလိမ့်မယ်လို့ ဆိုပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ