Beauty & Fashion: Lamborghini က Centenario အမိုးဖွင့်ကားကို ပြသ

, updated

တစ်နာရီ ၂၁၇ မိုင်နှုန်းကျော်ထိ မောင်းလို့ရပါတယ်။

play

 

Lamborghini ဟာ အကန့်အသတ်နဲ့ ထုတ်လုပ်မယ့် အမိုးဖွင့် Centenario ကို  Pebble Beach ကားပြပွဲမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

play

 

Centenario အကြောင်းကို ပထမကြေညာခဲ့တုန်းက ပုံမှန်အမိုးတပ်ကားအကြောင်းကိုသာ ပြောခဲ့ပေမဲ့ အမိုးဖွင့်ပုံစံကိုပါ နောက်ဆုံးမှာ ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။

play

 

 အင်ဂျင်ပါဝါချည်းပဲ 760bhp ရှိပြီး ဆလင်ဒါ ၁၂ လုံးတပ် V12 အင်ဂျင်ကို သုံးထားတာ ဖြစ်ပါတယ်။

play

 

ခပ်ရဲရဲ မောင်းရဲတယ်ဆိုရင်တော့ တစ်နာရီ ၂၁၇ မိုင်နှုန်းကျော်ထိ မောင်းလို့ရတယ်လို့ ဆိုပါတယ်။ နှုန်းထားဟာ ၂.၈ စက္ကန့်တွင်းမှာတင် စမှတ်ကနေ တစ်နာရီ  ၆၂ မိုင်နှုန်းထိ ရောက်သွားနိုင်တာ ဖြစ်ပါတယ်။

play

 

သာမန်အမိုးပိတ်ပုံစံနဲ့ စွမ်းဆောင်ရည်တွေက အတူတူ ဖြစ်ပြီး လွပ်လပ်တဲ့ ခံစားမှုကို ရရှိမှာဖြစ်တယ်လို့ Lamborghini ရဲ့ စီအီးအို စတီဖာနိုဒိုမီနီကာလီက ပြောထားပါတယ်။

play
play
play

 

Photos & Source: Car

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ