ပူရှိန်းလေးဆိုရင် နှုတ်ခမ်းကွာတာ သက်သာလိမ့်မယ်လို့လည်း မှားယွင်းယူဆတတ်ကြတယ်။

နှုတ်ခမ်းသားတွေ ခြောက်သွေ့နေတဲ့အခါ Lip Balm ကို လိမ်းပေးရပါတယ်။ Lip Balm က နှုတ်ခမ်းသားတွေကို နူးညံ့စိုပြေစေပြီး တင်းရင်းမှုကိုပေးပါတယ်။ ခက်တာက တချို့ lip balm တွေက လိမ်းလိုက်တိုင်း ယားလာရော။ အဓိကကတော့ lip balm မှာ ပါဝင်တဲ့ဓာတုပစ္စည်းတွေက ကိုယ်နဲ့မတည့်လို့ ယားယံတာဖြစ်ပါတယ်။

 

၁။ အနံ့

shutterstock_139491509-fragrances-oliver-hoffmann.jpg 

များသောအားဖြင့်တော့ lip balm တွေမှာ အနံ့မပါဘူး။ ဘာကြောင့်လဲဆိုတော့ လူအတော်များများဟာ lip balm မှာ ပါဝင်တဲ့မွှေးရနံ့ မတည့်ကြလို့ပါ။ သစ်ကြံပိုးခေါက်ကိုထည့်သွင်းဖော်စပ်ထားတဲ့ lip balm တွေကလည်း လိမ်းလိုက်ရင် ယားယံမှုကို ခံစားရစေပါတယ်။

၂။ ကာဘော်လစ်နဲ့ ပရုပ်

shutterstock_434505229-phenol-yuri-photolife.jpg 

ကာဘော်လစ်နဲ့ အလားသဏ္ဍန်တူတဲ့ phenol ၊ ပရုပ် (menthol) တို့ကလည်း နှုတ်ခမ်းသားကို ယားယံစေနိုင်တယ်။ ဒီနှစ်မျိုးက ပူရှိန်းအေးမြစေတာကြောင့် အချို့သော lip balm တွေမှာ ထည့်သွင်းဖော်စပ်ကြပါတယ်။ ပူရှိန်းလေးဆိုရင် နှုတ်ခမ်းကွာတာ သက်သာလိမ့်မယ်လို့လည်း မှားယွင်းယူဆတတ်ကြတယ်။ နှုတ်ခမ်းနီတိုင်းနဲ့မတည့်တဲ့ (sensitive) ဖြစ်တတ်သူတွေဆိုရင် ဒီနှစ်မျိုးကို ရှောင်ရပါမယ်။

၃။ ဗီတာမင် E

shutterstock_353411795-vitamin-e-kari-marttila.jpg 

အသားအရေကို လှပစေတဲ့ ဗီတာမင် E က နှုတ်ခမ်းနဲ့ မတည့်တာ ဘာကြောင့်လဲ။ ဗီတာမင် E ကလည်း လူတိုင်းနဲ့ တည့်ချင်မှတည့်တာပါတဲ့။ ဒါပေမဲ့ ဒါမျိုးကတော့ ဖြစ်တောင့်ဖြစ်ခဲအခြေအနေလို့ သိရပါတယ်။

Source : Prevention

Share

Loading Next Article...
က္က