စနေ၊ တနင်္ဂနွေ အိမ်မှာနေရင်း လက်သည်းလေးတွေ သန့်ရှင်းရေးလုပ်ကြမယ်။
လက်သည်း၊ ခြေသည်းတွေကို အချိန်မရလို့ ဆိုင်မှာ သွားလုပ်သူများရှိသလို အိမ်မှာ ကိုယ်တိုင် စိတ်တိုင်းကျ ချေးချွတ်သန့်စင်ပြီး ကလိတတ်သူတွေလည်း ရှိပါတယ်။ ကိုယ့်ဘာသာကိုယ် ဆေးကြောသန့်စင်တဲ့အခါမှာ လွယ်ကူမြန်ဆန်ပြီး လှလှပပလေးဖြစ်စေဖို့ အကြံကောင်းတွေ ဖော်ပြပေးလိုက်ပါတယ်။



(၁) လက်သည်းဆိုးဆေးဖျက်ရင်

ဂျယ် (Gel)လက်သည်းဆိုးဆေးနဲ့ အလက်လက် (Glitter) လက်သည်းဆိုးဆေးတွေ ဆိုးပြီးရင် ပြန်ဖျက်ရတာ အတော်ခက်တာကို သိကြမှာပါ။ လွယ်လွယ်ဖျက်လို့ရတဲ့နည်းတစ်ခုက လက်သည်းဖျက်ဆေးကို ဂွမ်းမှာဆွတ်ပြီး လက်သည်းခွံပေါ်အုပ်ထားပါ။ အပေါ်ကနေ အလူမီနီယမ်အပြားထပ်အုပ်ထားလိုက်ပါ။ (၁၀) မိနစ်ကြာလို့ ခွာလိုက်ရင် လက်သည်းဆိုးဆေးအကုန် တစ်ခါတည်းပါသွားပါလိမ့်မယ်။



(၂) လက်သည်းညှပ်ရတာ အဆင်ပြေအောင်
လက်သည်းညှပ်တဲ့အခါမှာ လက်သည်းစတွေ ဖြောက်ခနဲ ဖြောက်ခနဲ တစ်စစီ အပြင်ကို လွင့်ထွက်သွားတာမျိုး မဖြစ်ချင်ရင် လက်သည်းမညှပ်ခင် လက်ချောင်းတွေနဲ့ လက်သည်းညှပ်ကိုပါ ရေစိမ်ထားပြီးမှ ညှပ်ပါ။

(၃) အောက်ခံ ကော်ရည် (Base Coat)

လက်သည်းကို အလက်အလက်ပါတဲ့လက်သည်းနီဆိုးတဲ့အခါမှာ အလွယ်တကူပြန်ဖျက်လို့ရအောင် အောက်ကနေ အောက်ခံလက်သည်းဆိုးဆေးအဖြစ် စက္ကူကပ်တဲ့ကော်ရည် ပါးပါးတစ်ထပ်ဆိုးထားလိုက်ပါ။ ပြီးမှ အပေါ်ကနေ အလက်လက်ပါတဲ့လက်သည်းဆိုးဆေးကို ဆိုးလိုက်ပါ။ ဒါဆို ဖျက်တဲ့အခါမှာ အလွယ်တကူနဲ့ ဆွဲခွာလိုက်ရုံပါပဲ။ တော်ရုံနဲ့လည်း မပျက်တော့ပါဘူး။

(၄) လက်သည်းဆိုးဆေးအမြန်ခြောက်ဖို့

လက်သည်းဆိုးထားပြီးသားကို မြန်မြန်ခြောက်သွားစေချင်ရင် ရေအေးအေးထဲမှာ လက်ကို မိနစ်ဝက်လောက် နှစ်ထားလိုက်ပါ။ လက်သည်းဆိုးဆေးတွေ ချက်ချင်းခြောက်သွားပါလိမ့်မယ်။

Source : Gurl

Share

Loading Next Article...
က္က