ကိုယ်နဲ့လိုက်ဖက်တဲ့မင်္ဂလာဝတ်စုံရွေးချယ်ဖို့ဆိုတာ သတို့သမီးလေးတွေအတွက် အိမ်မက်ပဲဖြစ်မှာပါနော် ။ တစ်ဘဝလုံးစာအတွက် အရေးအကြီးဆုံးအချိန်မှာ ဝတ်ဆင်တဲ့ အဝတ်အစားဖြစ်တဲ့အပြင် ကိုယ့်ရဲ့ပင်ကိုသဘာဝနဲ့ ကိုယ်ပိုင်စတိုင်လ်ကို ကိုယ်စားပြုအဖြစ်လည်း ဖော်ပြနေပါတယ်။

မင်္ဂလာဆောင်နေ့မှာ ဝတ်ဆင်တဲ့ ဝတ်စုံဟာ ကိုယ့်အကြောင်းကို အများအပြားဖော်ပြနေပါတယ်။ဒီတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဝတ်စုံကို ဘယ်လိုရှာဖွေမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

 

A-Line.

ရိုးရာဆန်ဆန်ချစ်စရာကောင်းတဲ့ သတို့သမီးလေးတွေက A Line ပုံစံနဲ့ သင့်တော်ပါတယ်။ ပျင်းရိငြီးငွေ့စရာကောင်းတယ်လို့ မထင်ပါနဲ့။ ဝတ်စုံလေးကို ပေါ်လွင်ထင်ရှားအောင် လုပ်နိုင်ပါသေးတယ်။ ပန်းပွင့်ဒီဇိုင်းလေးတွေ ကပ်ထားတာမျိူး ၊ ကိတ်မုန့်အထပ်ပုံစံလေးတွေ ၊ စီးကွင့်လေးတွေ ၊ ချည်ထိုးဒီဇိုင်းလေးတွေ ဆန်းဆန်းပြားပြားလေးနဲ့ ပေါ်လွင်ထင်ရှားအောင် လုပ်နိုင်ပါသေးတယ်။ တစ်ချို့ကလည်း ခရစ်စတယ်တွေ ၊ ကျောက်လေးတွေနဲ့ ဒီဇိုင်းဆင်ကြပါတယ်။

 

Ball Gown

ဂါဝန်ကားကားလေးကတော့ မင်္ဂလာနေ့မှာ ကိုယ့်ကို မင်းသမီးတစ်ပါးလို ခံစားရစေပါတယ်။ ခမ်းနားကြီးကြယ်သလို ပရိသတ်တွေရဲ့ အာရုံစိူက်မှုကို အပြည့်အဝရရှိမှာ အမှန်ပါပဲ။ ခါတိုင်းထက် မိန်းကလေးဆန်ဆန်ပိုဖြစ်နေသလို ပန်းကလေးတွေနဲ့ အလှဆင်ပြီး တောက်ပတဲ့ အလင်းရောင်လေးတွေနံဲ့ ပြင်ဆင်ထားတဲ့ အခမ်းအနားနဲ့ လိုက်ဖက်နေမှာ အမှန်ပါပဲ။

 

Mermaid.

ရေသူမပုံစံ ဂါဝန်အောက်ပိုင်းမှာ အကားပုံစံလေးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ပုံစံကို ဖော်ပြနေပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေ ၊ မိသားစုတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါး ကျင်းပပြိး ဓါတ်ပုံရိုက်ဖို့နေရာလေးတွေလုပ်ထားတာ ၊ ရောင်စုံဒီဇိုင်းဆင်ထားတဲ့ အစားအသောက်အခမ်းအနား ပုံစံတွေက သင့်ရဲ့ မင်္ဂလာပွဲလေးကို စည်ကားသိုက်မြိုက်စွာနဲ့ လှပနေစေမှာပါ။

 

Sheath.

ဂါဝန်အောက်ခြေအနားမှာ လျော့ရဲရဲလေးကျသွားတဲ့ဒီဇိုင်းကတော့ လွတ်လွတ်လပ်လပ်သတို့သမီးလေးတွေကို ကိုယ်စားပြုပါတယ်။ အောက်ဒိုးအခမ်းအနားလေးတွေနဲ့ လိုက်ဖက်သလို ပေါ့ပါးလွတ်လပ်တဲ့ ဒီဇိုင်းနဲ့ ပြင်ဆင်တာလေးတွေက လိုက်ဖက်ပါတယ်။

 

Sweetheart Neckline.

အသဲပုံရင်ဘက်ဒီဇိုင်းပုံဖော်ထားတဲ့ ဂါဝန်လေးကတော့ အချစ်ရဲ့ သင်္ကေတ ဖြစ်သလို ဆွတ်ပျံ့ဖွယ်သတို့သမီးလေးအဖြစ် ခံစားရစေပါတယ်။ ကိုယ့်ရဲ့မင်္ဂလာပွဲလေးက ကြည်နူးစရာကောင်းလောက်အောင် လှပနေပြီး မိသားစုဓါတ်ပုံလေးတွေနဲ့ အလှဆင်သလို စားပွဲနာမည်လေးတွေကိုလည်း စုံတွဲနာမည်လှလှလေးတွေတပ်ပြီး အမည်တပ်ထားသလို လုပ်ထားပြီး ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါတယ်။

Share

Loading Next Article...
က္က