ပွဲတောင်မပြီးသေးဘူး ရီဟန်းနားရဲ့ဖက်ရှင်က Troll လုပ်ခံနေရပြီ။

Met Gala ပွဲ ဆိုတာက အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာရှိတဲ့ Metropolitan Museum of Art's Costume Institute က နှစ်စဉ် ကျင်းပပြုလုပ်တဲ့ အခမ်းအနားပွဲလမ်း ဖြစ်ပါတယ်။ ရန်ပုံငွေရှာဖွေရေးပွဲဆိုလည်း မမှားပါဘူး။ ဒီပွဲမှာ နာမည်ကျော် အနုပညာရှင်တွေ၊ ဆယ်လီတွေက ဒီဇိုင်နာတွေရဲ့အထူးဝတ်စုံတွေကို ဆင်မြန်းပေးရတာမို့ ဖက်ရှင်ပြက္ခဒိန်ရဲ့ အထင်ရှားဆုံးအပိုင်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အများစုကတော့ ကိုယ်ပိုင်ဖက်ရှင်နဲ့ပေါ့။



 

မေလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Met Gala 2017 ပွဲမှာ လူတွေကို မှင်သက်အံ့သြသွားစေအောင် ဝတ်လာကြသူတွေရဲ့ ဖက်ရှင်ကို ကြည့်ကြည့်ပါဦး။

 

ယခုနှစ် Met Gala မှာ နာမည်အကြီးဆုံး ဖြစ်သွားတာကတော့ မော်ဒယ်လေး ကန်ဒဲလ်ဂျန်နာပါ။ အနက်ရောင်ဇာပိုက်ကွက်က ခန္ဓာကိုယ်ကို ထင်သာမြင်သာရှိလွန်းနေပါတယ်။ အရှေ့ဘက်မှာ ဇာပန်းကနုတ်နဲ့ မမြင်အပ်တာလေးတွေကို ဖုံးထားရုံကလွဲရင် ကျန်တာအားလုံးကို မြင်နေရပါတယ်။ အထူးသဖြင့် တင်ပါးတွေကို ရဲရဲတင်းတင်းဖော်ပြထားပုံက မြင်သူတိုင်း မှင်သက်သွားရစေတယ်လေ။

 

အဆိုတော် ရီဟန်းနားကို မြင်ရတာ ပန်းပွင့်အကြီးကြီး တစ်ပွင့်လိုပါပဲ။ ပွင့်ချပ်ပွင့်ဖတ်တွေကြားထဲမှာ မြုပ်နေတဲ့ ပန်းဝတ်ဆံလေးနဲ့လည်း တူနေပြန်ပါတယ်။ ဒါပေမဲ့ ပွဲမပြီးခင်မှာဘဲ လူမှုကွန်ရက်မှာ သူမကို လှောင်နေကြပါပြီ။

 

ပေါ့ပ်အဆိုကျော် ကေတီပယ်ရီရဲ့ ဒီဇိုင်းကလည်း အံ့သြစရာကြီး။ ကျောက်မျက်တွေကပ်ထားတဲ့ အနီရောင်ဂါဝန်က တရုတ်ရိုးရာသတို့သမီးဝတ်စုံနဲ့ ခပ်ဆင်ဆင်ရယ်။ ခေါင်းမှာလည်း ဇာပုဝါလေးခြုံပြီး witness ဆိုတဲ့စာတမ်းကိုပါ နဖူးမှာဖော်ပြထားပါတယ်။

 

Happy သီချင်းပိုင်ရှင် ဖရဲလ်ဝီလျံရဲ့ဇနီးကို ကြည့်ပါဦး။ အသက် ၃၆ နှစ်အရွယ် မော်ဒယ် Helen Lasichanh ရဲ့ အနီရောင်ဝတ်စုံကြီးက ဟာသတစ်ခုကိုဖြစ်လို့....။

 

ပြောက်ကျားဒီဇိုင်းဟာ ကော်ဇောနီအတွက် ဘယ်လိုမှ မသင့်လျော်တဲ့အရာလေ။ ဒါပေမဲ့ မက်ဒေါနားရဲ့ထုံးစံအတိုင်း လူတွေအာရုံစိုက်အောင် ဝတ်လာပုံရပါတယ်။

 

နစ်ကီမနာ့ဂျ်ရဲ့ အနီ၊အနက် ပေါင်းစပ်ဖက်ရှင်က သူမရဲ့ခန္ဓာကိုယ်အနေအထားနဲ့ဆိုရင် အတော်လေး လိုက်ဖက်ပါတယ်။ ခါးမှာလည်း ဧရာမခါးပတ်ကြီးကို ဝတ်ထားပြီး သူမရဲ့ကိုယ်လုံးအလှကို ပိုပြီးတိကျစေခဲ့ပါတယ်။

 

အဆိုတော်၊ မော်ဒယ်၊ သရုပ်ဆောင် ရီတာအိုရာက တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတစ်ခုလိုပါပဲ။ အနီရောင်ဖဲကြိုးနဲ့ တစ်ကိုယ်လုံးကို စည်းနှောင်ထားခဲ့တာလေ။ ဆံပင်စတိုင်လ်ကို တခြားပုံစံနဲ့ဆိုရင် ပိုပြီးလှမယ်ဆိုတာ သူမက မသိဘဲမနေပါဘူး။ ဒါပေမဲ့ ယခုပုံစံက သူမရဲ့ရွေးချယ်မှုပဲလေ။

Photos : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က