သူတို့ကတော့ အလှဆုံးထင်လို့ ဝတ်လာတာပါ။
 

နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့မှာ နိုဝင်ဘာလ ၆ ရက် တနင်္ဂနွေနေ့ညနေမှာ ကျင်းပတဲ့ MTV EMAs ပွဲမှာ အားလုံးဟာ သူထက်ငါ ပိုမိုလှပအောင် ဝတ်စားလာကြပါတယ်။

ဒါပေမဲ့ ထင်သလိုမလှဘဲ ဂွမ်းသွားခဲ့ရသူတွေလည်း ရှိနေခဲ့ပါတယ်။

ရုပ်သံမင်းသမီး အယ်လက်ထရာလမ်ဘော်ဂနီဟာ ပါးလွှာလွန်းတဲ့ တစ်ဆက်တည်းဝတ်စုံကို ဝတ်လို့ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်အောင် ကြိုးစားခဲ့ပုံပါပဲ။ ဒါပေမဲ့ သူမပုံစံက ဆက်စီကျမနေဘဲ မလုံမခြုံနဲ့ ကြည့်ရဆိုးနေခဲ့ပါတယ်။

 

အဆိုတော် Charli XCX ကလည်း ဆီးကွင့်တွေအပြည့်ထိုးထားတဲ့ ပန်းရောင်ဝတ်စုံနဲ့ အဆိုးဆုံးဖက်ရှင်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

 

ဆိုရှယ်မီဒီယာစတား Kenz က ခိုင်လီဂျန်နာဝတ်ခဲ့ဖူးတဲ့ ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပါတယ်။ အဲဒီဝတ်စုံဟာ Harper’s Bazaar Icons ပွဲမှာ ခိုင်လီဝတ်တုန်းကလည်း သူမရဲ့အဆိုးရွားဆုံးဖက်ရှင်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။

 

Geordie Shore ရုပ်သံစီးရီးမင်းသမီး ကလိုဝီဖယ်ရီကလည်း ဆက်စီကျအောင် အမြဲတမ်းကြိုးစားပေမဲ့ သူ့ရဲ့ထုံးစံအတိုင်း လွန်လွန်ကျူးကျူးဖြစ်နေပြန်ပါတယ်။ သူမရဲ့ဝတ်စားပုံက ဘယ်လိုမှ ကော်ဇောနီနဲ့ မအပ်စပ်လှပါဘူး။

Source & Photos : Daily Mail

Share

Loading Next Article...
က္က