Beauty & Fashion: MTV တေးဂီတဗီဒီယိုဆုပေးပွဲမှာ ဂွမ်းသွားတဲ့ဖက်ရှင်တွေ

နှစ်စဉ်ကျင်းပတဲ့ MTV VMAs ဆုပေးပွဲဟာ လူတွေရဲ့အာရုံစိုက်မှုကို အမြဲတမ်းပိုင်ဆိုင်ထားပါတယ်။ ပွဲတက်ဖက်ရှင်တွေကိုလည်း အဆန်းထွင်လွန်းလို့ စောင့်ကြည့်ရတာ နှစ်တိုင်းပါပဲ။ ယခုနှစ်မှာလည်း အဆန်းထွင်လို့ ဂွမ်းသွားတဲ့ဖက်ရှင်တွေအကြောင်း ဖော်ပြလိုက်ပါတယ်။

play

 

၁။ စတယ်လာမက်စ်ဝဲလ်

သူမရဲ့ဝတ်စုံက ပွဲတက်ဖက်ရှင်နဲ့ ဘယ်လိုမှမအပ်စပ်ပါဘူး။ ကနုတ်တွေအပွင့်တွေနဲ့အဆင်က ခပ်ကြောင်ကြောင်ကြီးပါ။ ကြိုးတစ်လုံးခါးတိုလေးကို ခေါင်းလောင်းပုံစံဘောင်းဘီနဲ့တွဲထားလိုက်တာက ခေတ်ဟောင်းဖက်ရှင်ဆိုပေမဲ့ ဒီအဆင်ကြီးက သူမရဲ့အလှကိုဖျက်ဆီးလိုက်ပါတော့တယ်။

play

 

၂။ ဖရာ့ အက်ဘရာဟမ်

အမေရိကန် ရုပ်သံအစီစဉ်စတား ဖရာ့ အက်ဘရာဟမ်ကတော့ လူကြိုက်အရမ်းများနေတဲ့ Wonder Woman ဝတ်စုံနဲ့ ပွဲတက်လာပါတယ်။ နောက်ဆုံးထွက် Wonder Woman ဝတ်စုံတော့မဟုတ်ပါဘူး။ ခေတ်ဟောင်းဝတ်စုံပါ။ နဖူးစည်းနေရာမှာတော့ ဆေးခြယ်ထားပြီး လက်မောင်းမှာလည်း သူမ ပါဝင်တဲ့အစီအစဉ်ရဲ့နာမည် OG လို့ ဆေးခြယ်ထားပါသေးတယ်။

play

 

၃။ ကက်စီ

မော်ဒယ်၊ အကမယ်လေး ကက်စီကတော့ ရိုးရှင်းတဲ့ဖက်ရှင်ကိုပဲ ဝတ်လာတာပါ။ ရိုးလွန်းတာမှ အတွင်းခံကိုတောင် ဝတ်မလာပါဘူး။ ကုတ်အင်္ကျီတစ်ထည်ကိုပဲ ကြယ်သီးတွေဖြုတ်ပြီးဝတ်လာတော့ လူပြောစရာဖြစ်သွားတာပေါ့။

play

 

၎။ ရီတာအိုရာ

ဝတ်စားဆင်ယင်မှုမှာ ပိုင်နိုင်ပါတယ်ဆိုသူလေးက ဒီတစ်ခါတော့ တလွဲလုပ်လိုက်ပါတယ်။ အတွင်းခံပေါ်မှာ ဇာအနက်ရောင်ကိုဝတ်ထားပြီး ခုံထူထူဖိနပ်ကြီးက တောဆန်ပါတယ်။ ဘယ်လိုမှမအပ်စပ်တဲ့ သားရေဂျက်ကင်အနက်ကိုလည်း ထပ်ဝတ်ထားတာကြောင့် ဒီတစ်ကြိမ်မှာတော့ ရီတာရဲ့ဖက်ရှင်က ဂွမ်းသွားပါတော့တယ်။

play

 

၅။ ဘက်ဒီ ဝင်ကယ်လ်

ဒီဘွားဘွားကြီးကတော့ အနုပညာရှင်မဟုတ်ပါဘူုး။ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အွန်လိုင်းဆယ်လီပါ။ အသက် ၈၅ နှစ်ရောက်မှ ကို့ယို့ကားယားတွေဝတ်တာကြောင့် လူတွေအာရုံစိုက်မှုကို ခံလာရသူပါ။ သွက်လက်တဲ့အပြုံးတွေနဲ့ ပျော်မြူးနေတဲ့ ဘွားဘွားကြီးက လှမယ်ထင်တာတွေကို အကုန်လုံးစုပြုံဝတ်လာပါတယ်။

Source : Metro, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ