Beauty & Fashion: တနင်္ဂနွေည MTV VMAs ရဲ့ အလှဆုံးဝတ်စုံ (၅) ခု

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၆ MTV တေးဂီတဗီဒီယိုဆုပေးပွဲကို ရောက်လာကြတဲ့ ဆယ်လီတွေရဲ့ ဝတ်စုံတွေဟာ တစ်ယောက်တစ်မျိုးစီ ထူးခြားနေပါတယ်။ ဒီထဲကမှ အလှဆုံးဖက်ရှင်တွေကို ရွေးထုတ်ရရင်တော့ ဘီယွန်းဆေးတို့သားအမိပါပဲ။

play

 

၁။ ဘီယွန်းဆေး

ဒီနှစ် ဆုပေးပွဲက ဘီယွန်းဆေးရဲ့နှစ်လို့ ပြောရမှာပါ။ ဆုပေါင်း ၁၁ ဆုအတွက် လျာထားခံရတာကြောင့် အလှဆုံးဖြစ်အောင် ဆင်ယင်လာပါတယ်။ ရင်ဘတ်မှာသားမွေးတွေတပ်ထားတဲ့ ဘီယွန်းဆေးရဲ့ဝတ်စုံက လင်းလက်တောက်ပနေပါတယ်။ ဆံပင်ကိုတော့ ကျောဘက်မှာ ကျစ်ဆံမြီးကျစ်ပြီးချထားကာ ရှေ့ဘက်မှာ ဖောင်းဖောင်းပွပွလေးလုပ်ထားပုံက တင့်တယ်တဲ့အသွင်ဖော်ဆောင်ပါတယ်။ ဘီယွန်းဆေးတင်မကဘဲ ၄ နှစ်သမီးလေး ဘလူးအိုင်ဗီကလည်း အမေနဲ့အတူတူ လှလှလေးဝတ်လာတာကြောင့် ဓာတ်ပုံဆရာတိုင်းရဲ့ကင်မရာတွေဟာ ဒီသားအမိဆီမှာ စုပြုံနေပါတော့တယ်။

play

 

၂။ နာအိုမီကမ့်ဘဲလ်

မော်ဒယ်မိခင်ကြီးကတော့ အထူးပြောဖို့မလိုတော့ပါဘူး။ ဘယ်လိုအချိန်မှာ ဘယ်လိုအဝတ်အစားကိုဝတ်ရမယ်ဆိုတာ ကျွမ်းကျင်သူမို့ တနင်္ဂနွေညရဲ့ ကျက်သရေအရှိဆုံးအမျိုးသမီး ဖြစ်ခဲ့ပါတယ်။ အသက် ၄၅ နှစ်လို့ပြောရင်တောင် ယုံဖို့ခက်တဲ့အထိပါပဲ။

play

 

၃။ ဟေလီဘောဝင်း

မော်ဒယ်လေး ဟေလီဘောဝင်းက ဇာဝမ်းဆက်ကိုဝတ်ထားပေမဲ့ အမြင်မရိုင်းအောင် အပေါ်မှာ သစ်ခက်တွေအသွင် အဆင်နဲ့ဖုံးထားပါတယ်။ ဆံပင်ကိုလည်း သဘာဝအတိုင်းလေးပဲချထားပုံက နုပျိုမှုကို အတိအကျပေါ်လွင်စေပါတယ်။

play

 

၎။ ဘရစ်တနေစပီးယားစ်

ရိုးရိုးလေးပါပဲ။ ပုခုံးကနေ ခါးအထိ ခပ်စောင်းစောင်းလေးခွဲထားပုံကသာ ဆန်းသွားတာပါ။ ၀ိတ်ချပြီး လေ့ကျင့်ခန်းတွေလုပ်ထားတဲ့အကျိုးကျေးဇူးကြောင့် ခန္ဓာကိုယ်လေးကလည်း လှလှပပရှိနေပြန်ပါတယ်။

play

 

၅။ နစ်ကီမနာ့ဂ်ျ

ဒီနှစ် အပြာရောင်ဝတ်တဲ့ဆယ်လီ သိပ်မတွေ့ရပါဘူး။ ဒါကြောင့်မို့လို့လည်း နစ်ကီမနာ့ဂ်ျရဲ့ဝတ်စုံက ပိုပြီးပေါ်လွင်နေတာပါ။ ဘေးနှစ်ဘက်ကိုဇာပါးပါးနဲ့စပ်ချုပ်ထားပြီး အပေါ်ဘက်မှာတော့ ကြိုးလေးတွေနဲ့ယှက်နွယ်ပြီး မိန်းမသားအလှကို ထုတ်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ