Beauty & Fashion: ပလတ်စတစ် အဝတ်အစားတွေ လွှမ်းမိုးခဲ့တဲ့ New York Fashion Week

ချည်သားတွေ၊ ပိုးသားတွေ ဝတ်ဆင်တာ ဒိတ်အောက်သွားပါပြီ။

play

 

အခုနောက်ဆုံး ခေတ်စားနေတာကတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေနဲ့ ဖိနပ်တွေကို ​ဝတ်ဆင်ခြင်းပါပဲ။ ဒီတစ်ပတ် New York Fashion Week လျှောက်လမ်းပေါ်မှာလည်း ပလတ်စတစ်တွေက နေရာယူထားခဲ့ပါတယ်။

play

 

ဒီဇိုင်နာ ဆောင်ဆေးယွန်ရဲ့ ဖက်ရှင်ဒီဇိုင်းတွေအဖြစ် ပလတ်စတစ်အကြည်တွေဟာ VFILES လျှောက်လမ်းပေါ်မှာ လွှမ်းမိုးသွားတာကို မြင်တွေ့ရပါတယ်။

play

 

ပလတ်စတစ်ဖက်ရှင်ဟာ လျှောက်လမ်းပေါ်တင်မကဘဲ အပြင်မှာလည်း ခေတ်စားလာမယ့်ပုံပါပဲ။

play

 

ပြီးခဲ့တဲ့အပတ်က နယူးယော့ခ်ရဲ့ ဖက်ရှင်ဘုရင်မတစ်ပါးဖြစ်တဲ့ ကင်မ်ကာဒါရှီယန်ဟာ ပလတ်စတစ်ဘွတ်ဖိနပ်စီးလို့ လမ်းပေါ်ထွက်ခဲ့ပါသေးတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ