တစ်စုံကို အမေရိကန်ဒေါ်လာ ၃၀ နဲ့ ရောင်းချနေပါတယ်။

ဖန်စီဆွဲကြိုးလေးတွေ ဆွဲရတာ သဘောကျသူတွေ ရှိပါသလား? ကျောက်လေးတွေ အရုပ်လေးတွေ အမျိုးမျိုးကို လော့ကတ်လုပ်ပြီး ကြိုးရှည်ရှည်လေးနဲ့ဆွဲရတာ အထာတော့ကျတယ်။ လူငယ်ဆန်ပြီး တက်ကြွတဲ့ပုံ ပေါ်ပါတယ်။ အင်တာနက်ပေါ်မှာတော့ လတ်တလော ရေပန်းစားနေပြန်တဲ့ ဆွဲကြိုးလေးတွေက ချစ်စရာကောင်းသလို ဆန်းလည်းဆန်းပါတယ်။

 

ဒီလည်ဆွဲလေးတွေကို Purrmaid လို့ ခေါ်ပါသတဲ့။ ကြောင်ရယ်၊ ရေသူမရယ်ကို အဓိကပေါင်းစပ်ပြီး ဒီဇိုင်းထွင်ထားတာပါ။ ကြောင်နဲ့ ရေသူမဆိုတာ ဘယ်လိုမှကို စပ်ဆက်မရတာနော်။ ရောင်းတဲ့လူတွေစိတ်ကူးကလည်း အဆန်းပဲ။ ခေါင်းပိုင်းက ကြောင်ရုပ်လေးနဲ့ အမြီးကိုတော့ ရေသူမ အမြီး တပ်ထားတာ။ ဂျိုလေးတစ်ချောင်းကလည်း ပါလိုက်သေးတယ်။

 

အွန်လိုင်း အရောင်းအဝယ်ဝက်ဘ်ဆိုက် Etsy ကို အသုံးပြုသူ GirlAndHerCat အကောင့်ပိုင်ရှင်က စပြီး ဖန်တီးခဲ့တယ်။ ပြုလုပ်တာကတော့ ပိုလီမာရွှံ့စေးနဲ့ ပြုလုပ်ထားတာပါ။ အရွယ်အစားက ၂ လက်မလောက်ပဲရှိမယ်။ ကြိုးကတော့ ၂ ပေ ရှည်တယ်။ ကြိုးနဲ့လော့ကတ် အပါအဝင်ဆို တစ်စုံကို အမေရိကန်ဒေါ်လာ ၃၀ နဲ့ သူမက ရောင်းချနေပါတယ်။ ဒါတောင် အော်ဒါရမှ သူက လုပ်ပြီးရောင်းပေးတာ။

ပြည်တွင်းကိုတော့ ဘယ်တော့ရောက်လာမလဲ မသိရသေးပေမဲ့ အင်စတာဂရမ်မှာတော့ Purrmaid လေးတွေကို ကြိုကြားကြိုကြား တွေ့နေရပါပြီ။

Source : Teen Vogue

Share

Loading Next Article...
က္က