အသားအရေလည်း ကောင်းမွန်လာဦးမှာပါ။

မိတ်ကပ်တွေလိမ်းပြီးတိုင်း ညရောက်ရင် သေသေချာချာဖျက်ပြီး၊ မျက်နှာသစ်ပြီးမှ အိပ်ရာဝင်ပါနော်။ ဒါကိုတော့ ထပ်တလဲလဲ ပြောပါရစေ ပျိုမေတို့ရေ။ မိတ်ကပ်တွေကို အရင်ဆုံး မိတ်ကပ်ဖျက်ဆေး (makeup remover) နဲ့ ဖျက်ရပါမယ်။ ပြီးတော့မှ မျက်နှာလေးသစ်ပါ။

 

တစ်ခုသိထားရမှာကတော့ ကိုယ့်အသားအရေအလိုက် မိတ်ကပ်ဖျက်ဆေးကို ရွေးချယ်ဖို့ပါပဲ။ တချို့အသားအရေက အရမ်းနုတယ်။ မိတ်ကပ်ဖျက်ဆေးတွေနဲ့ မတည့်တာမျိုးလည်း ရှိတတ်ကြတယ်။ အဲ့ဒီလိုမျိုး နုနယ်ပြီး၊ ထိခိုက်လွယ် (sensitive) အသားအရေပိုင်ရှငလေးတွေက ဘေးထွက်ဆိုးကျိုးမရှိတဲ့ မိတ်ကပ်ဖျက်ဆေးကို ကိုယ်တိုင်လုပ်ပြီး သုံးကြည့်နိုင်ပါတယ်။

 

သံလွင်ဆီစစ်စစ် - ထမင်းစားဇွန်း ၂ဇွန်းကို  အုန်းဆီနဲ့ရောပါ။ အုန်းဆီကို ဆီပုံစံမဟုတ်ဘဲ ခရင်မ်နဲ့ဆိုရင်တော့ သံလွင်ဆီနဲ့ သေသေချာချာရောသွားအောင် မွှေပေးဖို့လိုတယ်။ Witch Hazel (ဟေဇယ်အဆီအနှစ်) - ထမင်းစားဇွန်း ၁ ဇွန်း၊ ဗီတာမင် E အဆီ - ၆ စက် တို့ကို ထပ်မံရောထည့်ပြီး အားလုံးရောသွားအောင် မွှေပေးလိုက်မယ်ဆို ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်လေးတွေအတွက် မိတ်ကပ်ဖျက်ဆေးရပါပြီ။ ဘူးထဲထည့်သိမ်းပြီး နေ့စဉ်အသုံးပြုနိုင်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကိုကြည့်လိုက်တာနဲ့ မျက်နှာကိုပျက်စီးစေမယ့်အရာတွေ မပါတာကို သိမှာပါနော်။

Source : Health

Share

Loading Next Article...
က္က