မျက်နှာရော ခန္ဓာကိုယ်မှာပါ အသုံးပြုလို့ရပါတယ်။ ချက်ခြင်းလည်း သိသာစေပါတယ်။

 

နေပူတဲ့ဒေသတွေကို ခရီးထွက်ပြီး ပြန်အလာမှာ လုပ်သင့်တာကတော့ အသားအရေကို ပြန်လည်ထိန်းသိမ်းဖို့ပါပဲ။ နေဒဏ်၊ လေဒဏ်ကြောင့် အသားအရေတွေ ပျက်စီးရတယ်လေ။ နေလောင်ဒဏ်ခံရတဲ့ အသားအရေကို သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်လိုသူတွေအတွက် ထိရောက်တဲ့နည်းတစ်ခုကို မျှဝေလိုက်ပါတယ်။

 

အသားအရေကို ပြန်လည်ထိန်းသိမ်းမယ်ဆို ကုလားပဲမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် - ထမင်းစားဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း၊ သံပရိုရည် - လက်ဖက်စားဇွန်း ၁ ဇွန်း၊ ပျားရည်စစ်စစ် - လက်ဖက်စားဇွန်း ၁ ဇွန်းတို့ လိုအပ်ပါတယ်။ သံပရိုရည်ကိုတော့ လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတာကိုသာ သုံးရမှာဖြစ်ပါတယ်။ ပစ္စည်းအားလုံးကို သန့်ရှင်းတဲ့ခွက်တစ်လုံးထဲမှာ ရောမွှေလိုက်ပါ။ ပဲမှုန့်တွေဖြစ်တဲ့အတွက် ညက်သွားအောင်မွှေပေးဖို့တော့ လိုပါတယ်။

 

နေလောင်တဲ့နေရာပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ နေမလောင်တဲ့နေရာတွေကို လိမ်းဖို့မလိုပါဘူးနော်။ လိမ်းပြီးသွားတာနဲ့ ခြောက်သွေ့ဖို့အတွက် မိနစ် ၂၀ ခန့် ထားပေးရပါမယ်။ ခြောက်သွားပြီဆိုမှ လက်ကိုရေဆွတ်ပြီး လိမ်းထားတဲ့နေရာကို အသာအယာ ပွတ်တိုက်ပေးရပါမယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ သဘောပါပဲ။

 

ပြီးမှ ရိုးရိုးရေနဲ့ ပြန်ဆေးကြောလိုက်ရမှာဖြစ်ပါတယ်။ ဆပ်ပြာသုံးဖို့ မလိုပါဘူး။ ရေကိုသုတ်လိုက်တာနဲ့ ဝင်းလက်စိုပြေတဲ့ အသားအရေကို ချက်ခြင်းရရှိသွားမှာဖြစ်ပါတယ်။

Source : Arpita Nath

Share

Loading Next Article...
က္က