Beauty & Fashion: ဗီဒီယိုကင်မရာ တပ်ဆင်ထားတဲ့ နေကာမျက်မှန်ကို Snapchat တီထွင်ရောင်းချ

တစ်ခါတည်း အကောင့်ပေါ်ကို တန်းပြီး upload လုပ်လို့ရပါတယ်။

play


ဗီဒီယိုတိုလေးတွေကို မျှဝေရာ လူမှုကွန်ရက်ဖြစ်တဲ့ snapchat က ဆန်းသစ်တဲ့စိတ်ကူးနဲ့ နည်းပညာကိုပေါင်းစပ်ထားတဲ့ မျက်မှန်တစ်လက် ဖန်တီးလိုက်ပါတယ်။ ဗီဒီယိုရိုက်လို့ရမယ့်ကင်မရာ တစ်ပါတည်း တပ်ဆင်ထားတဲ့ နေကာမျက်မှန်ပါ။

play


မျက်မှန်ထောင့်နားမှာရှိတဲ့ ကင်မရာငယ်က ၁၀ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုကိုရိုက်ကူးထားပြီး Snapchat အက်ပလီကေးရှင်းပေါ်ကို တိုက်ရိုက်တင်ပေးမှာဖြစ်ပါတယ်။ Spectacles လို့ အမည်ပေးထားတဲ့ ယင်းနေကာမျက်မှန်မှာ ၁၁၅ ဒီဂရီလှည့်လည်နိုင်နဲ့ မှန်ဘီလူးပါဝင်လို့ လူ့မျက်စိမြင်ကွင်းနီးပါး တူညီတဲ့ဗီဒီယိုကို ဖန်တီးနိုင်မှာပါ။

play


Snapchat အသုံးပြုသူတွေအတွက် အသင့်လျော်ဆုံးဖြစ်အောင် ဖန်တီးပေးထားတဲ့ ဒီမျက်မှန်ကို နှစ်ကုန်ပိုင်းလောက်မှာ ရောင်းချတော့မှာဖြစ်ပြီး မြန်မာငွေ တစ်သိန်းခြောက်သောင်း ဝန်းကျင် (ပေါင် ၁၀၀ ဝန်းကျင်) တန်ဖိုးကျသင့်ဖွယ်ရှိပါတယ်။

Source : Snap Inc

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ