Beauty & Fashion: Suicide Squad ထဲက ဟာလေကွင်းနဲ့ချွတ်စွပ်တူတဲ့ ကောင်မလေး

ပင်ကိုယ်ရုပ်ခံကလည်း လှပသူဆိုတော့ ခုလိုပြင်ဆင်လိုက်တဲ့အခါ အသည်းယားစရာပုံစံလေး ဖြစ်သွားတော့တာပါပဲ။

play

 

အသက် ၂၁ နှစ်အရွယ် ဆစ်ဒနေမြို့သူလေးဟာ အင်စတာဂရမ်ပေါ်မှာ စတားတစ်ယောက်ဖြစ်လာပါတယ်။ သူမကို Suicide Squad ဇာတ်ကားထဲက ဟာလေကွင်းနေရာမှာ သရုပ်ဆောင်ထားတဲ့ မားဂေါ့ရော့ဘီနဲ့တူလွန်းသူအဖြစ် သိကြပါတယ်။

play

 

လော်ရာဟာ မားဂေါ့ရော့ဘီရဲ့ ပြင်ဆင်ပုံအတိုင်း မိတ်ကပ်တွေပေပွနေအောင်လူးထားတဲ့အပြင် ဝတ်စားပုံကိုပါ မတူ တူအောင်ပြင်ထားပါသေးတယ်။ ပင်ကိုယ်ရုပ်ခံကလည်း လှပသူဆိုတော့ ခုလိုပြင်ဆင်လိုက်တဲ့အခါ အသည်းယားစရာပုံစံလေး ဖြစ်သွားတော့တာပါပဲ။

play

 

သူမ အထက်တန်းကျောင်းသူဘဝကတည်းက ဟာလေကွင်းဇာတ်ရုပ်ကို သဘောကျခဲ့မိတာဖြစ်ကြောင်း လော်ရာက ပြောပါတယ်။ Suicide Squad ဇာတ်ကား ထွက်ရှိလာချိန်မှာတော့ သူမက ဇာတ်ကားထဲက ဟာလေကွင်းအတိုင်း လိုက်လံပြင်ဆင်ကာ ပုံတွေကို အင်စတာဂရမ်မှာ တင်ဖြစ်သွားပါတယ်။

play

 

ဟာလေကွင်းလို တိုနှံ့နှံ့ဘောင်းဘီလေးဝတ်လို့ ပေါင်မှာလည်း စာတွေရေးထားပါသေးတယ်။ ဒါတင်မက ဟာလေကွင်းလို ဝတ်စားပြင်ဆင်ပြီး ဘေ့စ်ဘောရိုက်တံကိုကိုင်ကာ မဒမ်တူးဆော့ပြတိုက်ကိုတောင် သွားလည်ခဲ့ပါတယ်။

Source : Buzzfeed

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ