တော်နေကြာမှ အသားတွေမည်းကုန်လို့ဆိုပြီး စိတ်ညစ်နေရမယ်။

နေကလည်း အရမ်းကိုပူပြင်းလာပြီ။ Sunscreen (နေပူဒဏ်ခံနိုင်မယ့်လူးဆေး) လူးရမယ်ဆိုတာ မမေ့ပါနဲ့။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် UVA နဲ့ UVB တို့က အသားအရေပျက်စီးစေကာ လူကိုအိုမင်းရင့်ရော်စေပါတယ်။ အရေပြားကင်ဆာလည်း ဖြစ်နိုင်တာမို့ sunscreenကို မဖြစ်မနေလိမ်းပါလို့ တိုက်တွန်းပါရစေ။ လိမ်းတဲ့အခါမှာလည်း ပိုပြီး အကျိုးသက်ရောက်မှုရှိအောင် ဘယ်လိုတွေလုပ်ရမလဲဆိုတာ ပြောပြပါဦးမယ်။

 

၁။ ကျောဘက်ဘယ်လိုလိမ်းမလဲ?

ကမ်းခြေသွားလို့ တစ်ကိုယ်လံုံးကို sunscreen လူးရမယ်နော်။ တော်နေကြာမှ အသားတွေမည်းကုန်လို့ဆိုပြီး စိတ်ညစ်နေရမယ်။ လက်တွေခြေတွေလိမ်းပြီးလို့ ကျောကုန်းဘက်ကို လိမ်းဖို့အတွက်တော့ ဖြန်းလို့ရတဲ့ sunscreen ဘူးတွေလည်း ရှိပါတယ်။ ခရင်မ်ပဲပါလာလို့ လက်နဲ့ပဲ လိမ်းရမယ်ဆို လိမ်းနည်းဗီဒီယိုကိုကြည့်ပါ။

 

၂။ ဆံပင်တွေ

နေပူထဲသွားလိုက်ရင် ဆံပင်တွေ ခြောက်သွေ့ပြီး နှစ်ခွဖြစ်လာတယ်။ ကြမ်းတမ်းပြီး အရောင်ကမွဲခြောက်လာတယ်။ ဒါကြောင့်မို့လို့ ဆံပင်တွေကိုလည်း ကာကွယ်ပေးဖို့လိုတာပေါ့။ ှSunscreen spray ဘူးလေး ဆောင်သွားပါ။ ဘာမှမခက်ဘူး။ ရေနဲ့ sunscreen ကို ရောပြီး ပုလင်းထဲထည့်လိုက်ရုံပဲ။ ဆံပင်ကိုဖြန်းပေးရပါမယ်။

 

၃။ မိတ်ကပ်လိမ်းပြီးရင် sunscreen ထပ်သုံးရဦးမှာလား?

လိုတာပေါ့။ မိတ်ကပ်ကို အပြည့်အဝ ခြယ်ပြီးသွားရင် sunscreen setting mist လေးနဲ့ မျက်နှာကို ဖြန်းပေးပါ။ နေပူထဲသွားမယ်ဆို အိတ်ထဲဆောင်သွားပြီး ၂ နာရီတစ်ကြိမ်လောက်တော့ ဖြန်းပေးနေပါ။ ဖြန်းဆေးမသုံးချင်ရင် sunscreen ပါဝင်တဲ့ cushion compat လေးနဲ့ သိပ်ပေးရပါမယ်။ နေဒဏ်ထိရင် မျက်နှာမှာ တင်းတိပ်၊ မှဲ့ခြောက်တွေ ထွက်လာနိုင်ပါတယ်။

Source : Pure Wow

Share

Loading Next Article...
က္က