လူတော်တော်များများက သဘာဝနည်းတွေအစား ဖန်တီးပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကိုပဲ အသုံးပြုနေကျပါတယ်။
 

သဘာဝတရားဟာ ခန္ဓာကိုယ်ရဲ့ ချို့ယွင်းမှုတွေကို ပြင်ဆင်ပေးဖို့ ဖန်တီးပေးပြီးသား ဖြစ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်ပေါ်တဲ့ အနာရွတ်တွေကို ပျောက်ကင်းစေတဲ့ သဘာဝနည်းတွေရှိပါတယ်။ ဒါပေမဲ့ လူတော်တော်များများက သဘာဝနည်းတွေအစား ဖန်တီးပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကိုပဲ အသုံးပြုနေကျပါတယ်။ အောက်မှာ ဖော်ပြထားတဲ့သဘာဝပစ္စည်း သုံးခုကို သုံးကြည့်ရင် သိသိသာသာ အကျိုးဖြစ်ထွန်းစေမှာပါ။ သင်သိတဲ့ ပစ္စည်းတွေလည်း ဖြစ်ပါတယ်။

၁ - နနွင်း

turmeric-roots-and-a-jar-of-turmeric-powder.jpg 

နနွင်းဟာ ဝက်ခြံကုသရာမှာ အလွန်နာမည်ကြီးပါတယ်။ ဝက်ခြံကို အရောင်ကျစေရုံမကဘဲ ကျန်ခဲ့တဲ့ အမာရွတ်တွကိုပါ ချောမွေ့စေလို့ ဖြစ်ပါတယ်။ နနွင်းမှာ ပါတဲ့ အရောင်ကျစေတဲ့ ပစ္စည်းဟာ အနာရွတ်ကိုလည်း မှိန်ဖျော့စေ့ပါတယ်။ ဝက်ခြံတွေ ဖြစ်တဲ့အခါ ပျားရည်နဲ့ နနွင်းကို ရောလိမ်းပြီး မျက်နှာသစ်ပေးခြင်းဟာ အသားအရေကိုလည်း ချောမွေ့စေပါတယ်။

၂ - လေးညှင်း

cloves-2-620x4121.jpg 

လေးညှင်းဟာ ဝက်ခြံကို ကုသပေးရုံတင်မကဘဲ နာကျင်တတ်တဲ့ ဝက်ခြံတွေကို သက်သာ စေပါတယ်။ အထူးသဖြင့်လေးညှင်းဆီဟာ အထူးအစွမ်းထက်ပြီး မြန်မာဆေးတွေမှာလည်း အသုံးပြုလေ့ရှိပါတယ်။ လေးညှင်းမှုန့်ဟာ ဝက်ခြံကုသရာမှာ အသုံးဝင်ပြီး အရောင်ကျစေဖို့ အကူအညီပေးကာ အနာရွတ်တွေကို မှိန်စေပါတယ်။ ခန္ဓာကိုယ် ချေးချွတ်တဲ့အခါမျိုးမှာ လေးညှင်ဆီနဲ့လေးညှင်းမှုန့်ကို ထည့်ပေးတာဟာ အနာရွတ်တွေကို ပျောက်စေရုံတင်မကဘဲ အသားအရေကိုပါချောမွေ့စေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - သင်လုံးဝမသိသေးတဲ့ အလှအပအတွက် လျှို့ဝှက်ချက်များ)

၃ - ဇာတိပ္ဖိုလ်သီး

nutmeg_medical_medium.jpg 

ဇာတိပ္ဖိုလ်သီးဟာလည်း ဝက်ခြံကို ကုသရာမှာ လူသိများပါတယ်။ သူ့အစွမ်းက နနွင်းလိုပဲ ဝက်ခြံကို ပျောက်ရုံတင်မကဘဲ ကျန်ခဲ့တဲ့အနာရွတ်ကိုပါ သက်သာစေတာပါ။ ဆဲလ်အသစ်တွေကိုလည်း အလျင်အမြန်ဖွံ့ဖြိုးစေတာ ဖြစ်ပါတယ်။ ဇာတိပ္ဖိုလ်သီးဟာ အနာဟောင်းတွေကိုလည်း ကုသပေးပြီး မျက်နှာက အစက်အပြောက်တွေကိုလည်း မှိန်ဖြော့ပျောက်ကင်းစေတာ ဖြစ်ပါတယ်။  အသုံးပြုမယ်ဆိုရင် နွားနို့နဲ့ ရောပြီး မျက်နှာကို လိမ်းကျံပေးသင့်တာ ဖြစ်ပါတယ်။

Photos & Source : Bustle

Share

Loading Next Article...
က္က