ဦးရေပြားမှာ ဗောက်တွေကပ်နေရင် ဆံပင်တွေကျွတ်ကျပါတယ်။
 

ဗောက်ထခြင်းဟာ ဦးရေပြားနဲ့ဆံပင်ဆိုင်ရာ ပြဿနာတွေထဲမှာ အဖြစ်အများဆုံးပါပဲ။ အမျိုးသမီးရော အမျိုးသားပါမကျန် ဗောက်ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ကိုယ့်ခေါင်းပေါ်က ဗောက်တွေကို စောစောစီးစီး သတိမထားမိဘဲနေရာက တနေ့ထက်တနေ့ ပိုများလာပြီး ပျောက်ဖို့အချိန်ကြာသွားတတ်တာမို့ ဒါတွေကို ဂရုပြုသင့်ပါတယ်။

၁။ ခြောက်သွေ့ယားယံ

ဦးရေပြားခြောက်သွေ့ယားယံခြင်းဟာ ဗောက်ရဲ့ အဓိကလက္ခဏာရပ်တစ်ခုပါပဲ။ ဗောက်အဖတ်တွေ ခေါင်းမှာကပ်နေတော့ ဦးရေပြားက ယားယံလာပါတယ်။ ကိုယ့်မျက်စိက မမြင်ရသည့်တိုင်အောင် ဒါဟာ ဗောက်ရှိနေပြီလို့ သိလိုက်ပါ။ အထူးသဖြင့်တော့ ဆောင်းရာသီမှာ ဒီလိုအဖြစ်များပါတယ်။

 

၂။ ဆံပင်ကျွတ်

ဦးရေပြားမှာ ဗောက်တွေကပ်နေရင် ဆံပင်တွေကျွတ်ကျပါတယ်။ ဦးရေပြားခြောက်သွေ့နေတော့ ဆံပင်မမြဲတော့ပါဘူး။ လူတစ်ဦးဟာ ပုံမှန်အားဖြင့် တစ်နေ့ကို ဆံပင်ချောင်းရေ ၂၀ ကနေ ၅၀ အထိ ကျွတ်ပါတယ်။ ဒီ့ထက်ပိုများမှသာ ဗောက်ရဲ့လက္ခဏာရပ် ဖြစ်ပါတယ်။

 

၃။ ဝက်ခြံတွေ

အစားအသောက်နဲ့အိပ်စက်မှု ပံုံမှန်အတိုင်း ပြုမူနေတာတောင် မျက်နှာမှာ ဝက်ခြံတွေ ဘယ်လိုများ ပေါက်နေရသလဲဆိုတာ အဖြေရှာရခက်တာမျိုး ကြုံဖူးပါသလား။ ပြဿနာက ဗောက်လည်း ဖြစ်နိုင်ပါတယ်။ ခေါင်းဖြီးတိုင်း ဗောက်တွေ မျက်နှာပေါ်ကျလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေထွက်လာတော့တာပါပဲ။

Source : Style Crazy

Share

Loading Next Article...
က္က