တစ်ညတည်းနဲ့တော့ ပြောင်းလဲသွားမှာမဟုတ်ပေမဲ့ နေ့တိုင်းပြုလုပ်မယ်ဆို တစ်ပတ်အတွင်း သိသာလာပါလိမ့်မယ်။
 

မျက်နှာနဲ့ ခြေတွေ၊ လက်တွေကိုသာ ဂရုတစိုက် ထိန်းသိမ်းတတ်ကြပေမဲ့ ခြေချောင်း၊ လက်ချောင်းလေးတွေကတော့ အမေ့လျော့ခံလေးတွေရယ်ပါ။ လက်ချောင်း၊ ခြေချောင်းလေးတွေကို လက်သည်းနီဆိုးရုံလောက်သာ လုပ်ဖြစ်ကြတယ်လေ။ လက်ချောင်း၊ ခြေချောင်းမှာရှိတဲ့ အဆစ်လေးတွေက ညိုမည်းနေရင် ကြည့်ရဆိုးပါတာမို့ ဖြူဖွေးသွားအောင် လုပ်ပေးလိုက်ပါ။

(၁) Exfoliation

ဆဲလ်သေတွေကို ဖယ်ရှားပေးရပါမယ်။ ကြေးတွန်းတဲ့အဖတ်ကို အသုံးပြုပြီး ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပါတယ်။ ရေချိုးရင်းနဲ့လည်း scrub gel ကို အသုံးပြုပါ။ ပြီးရင်တော့ အစိုဓာတ်ဖြည့်တဲ့ခရင်မ်လေး လူးထားဖို့ လိုအပ်ပါတယ်။

Pumice-Stone2.jpg 

(၂) အသားမာ

လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ အသားမာလေးတွေ တက်နေတယ်ဆို ရေချိုးတိုင်း ကြေးတွန်းကျောက်တုံးနဲ့ ပွတ်တိုက်ပေးပါ။ ရေစိုချိန်မှသာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။

Sugar-And-Lemon-Juice3.jpg 

(၃) သကြားနဲ့သံပရို

သကြားမှာရော သံပရိုရည်မှာပါ တူညီစွာရှိနေတဲ့ အစွမ်းသတ္တိတစ်ခုကတော့ ကြေးကျွတ်စေတာပါပဲ။ သကြားထဲကို သံပရိုရည်လေးလောင်းထည့်ပြီး လက်ချောင်း၊ ခြေချောင်းလေးတွေကို ပွတ်တိုက်ပေးရပါမယ်။ ၅ မိနစ်မှ ၁၀ မိနစ်လောက်ထိ ပွတ်တိုက်ပြီးမှ ရေပြန်ဆေးလိုက်ပါ။ တစ်ညတည်းနဲ့တော့ ပြောင်းလဲသွားမှာမဟုတ်ပေမဲ့ နေ့တိုင်းပြုလုပ်မယ်ဆို တစ်ပတ်အတွင်း သိသာလာပါလိမ့်မယ်။

ှSource : Martini

Share

Loading Next Article...
က္က