Beauty & Fashion: Vans Vault နဲ့ WTAPS တို့ရဲ့ အန်နာကွန်ဒါပုံစံ ဖိနပ်သစ်

Vans တို့ရဲ့ ထုံးစံအတိုင်း သပ်ရပ်ပြီး လူငယ်ဆန်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။

play

 

Vans Vault နဲ့ WTAPS တို့ ပူးပေါင်းပြီး အဝတ်အစားနဲ့ ဖိနပ်တွေ ထုတ်ခဲ့ပြီးပါပြီ။ အခု Vans ရဲ့ သက်တမ်းဟာ နှစ် ၅၀ ပြည့်မြောက်သွားပြီး WTAPS ကလည်း နှစ် ၂၀ ပြည့်တော့မှာ ဖြစ်ပါတယ်။

play

 

သူတို့နှစ်ပတ်လည် အထိမ်းအမှတ်တွေအနေနဲ့ အရောင်သုံးမျိုးနဲ့ သားရေသားဖိနပ်ကို ထုတ်လိုက်ပါတယ်။ ဒီဇိုင်းဟာ အန်နာကွန်ဒါမြွေဆီက အခြေခံလာတာ ဖြစ်ပါတယ်။

play

 

Vans တို့ရဲ့ ထုံးစံအတိုင်း သပ်ရပ်ပြီး လူငယ်ဆန်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။

play

 

အရေခွံလို သားရေသား အထပ်ထပ်ပုံစံမျိုးဖြစ်တာကြောင့် တစ်မျိုးတော့ဆန်းပါတယ်။

play

 

ဒါ့အပြင်  Vans Vault နဲ့ WTAPS တို့ဟာ ဂျာကင်တစ်မျိုးကိုလည်း ထုတ်ပြခဲ့ပြီး ဝယ်ယူလို့ရမယ့် ရက်တွေကတော့မတူပါဘူး။

play

 

 ဖိနပ်ကို သြဂုတ် ၂၇ ရက်နေ့မှာ စတင်မှာယူနိုင်မှာဖြစ်ပြီး ဂျက်ကတ်ကတော့ စက်တင်ဘာလထဲမှာ မှာယူနိုင်မှာပါ။

Photos & Source: Vans

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ