Beauty & Fashion: Vaseline ခရင်မ်ကို သုံးပြီး ပိုမိုလှပနိုင်မယ့် လျှို့ဝှက်ချက် (၁၅) ခု

ဆောင်းရာသီမှာပဲ သုံးလို့ရတယ်ထင်ရင် မှားသွားမှာပေါ့။

play

 

ခြေဖနောင့်ကွဲတာတွေ၊ အသားပက်တာတွေကို မြန်မြန်ဆန်ဆန်ပျောက်စေတဲ့ Vaseline အလှဆီဟာ ယခင်တည်းက လူကြိုက်များတဲ့အရာပါ။ ဒါပေမဲ့ Vaseline ကို ဒီ့ထက်မက အသုံးပြုနိုင်ပါတယ်။ တန်ဖိုးအားဖြင့် ကျပ်ငွေထောင်ဂဏန်းမျှသာရှိတဲ့ Vaseline ကို အခြားဘယ်လိုအသုံးပြုမလဲဆိုတာတွေကို Duwun က ရေးသားဖော်ပြလိုက်ပါတယ်။

၁။ နှုတ်ခမ်းလေးတွေ နူးညံ့စိုပြေသွားအောင် lip balm အနေနဲ့သုံးနိုင်ပါတယ်။ ဒီအတိုင်းပဲလိမ်းလိမ်း၊ နှုတ်ခမ်းနီမဆိုးခင် အောက်ခံထားပြီးပဲလိမ်းလိမ်း အဆင်ပြေပါတယ်။

play

 

၂။ လက်သည်း၊ ခြေသည်းတွေ တောက်ပအောင် လိမ်းပေးလို့ရပါတယ်။ လက်သည်းဖျက်ဆေးသုံးပြီးတိုင်းမှာ vaseline လိမ်းပေးရင် လက်သည်းဝါတာတွေ မဖြစ်တော့ဘဲ တောက်တောက်ပြောင်ပြောင်လေးဖြစ်နေပါလိမ့်မယ်။

၃။ အမွေးမှင်တွေ ရိတ်မယ်ဆိုရင် Vaseline လေး အရင်လိမ်းပြီးမှရိတ်တဲ့အခါ အသားအရေကြမ်းတမ်းမှုလည်း ဖြစ်တော့မှာမဟုတ်ပါဘူး။

၎။ ခြောက်သွေ့တဲ့အသားအရေကိုလည်း နူးညံ့စိုပြေစေပါတယ်။ တံတောင်နဲ့ဒူးတွေ ကြမ်းတမ်းနေရင် ညတိုင်းလိမ်းပေးပါ။

play

 

၅။ မျက်တောင်ကော့ဆေးတွေ အရမ်းများရင် ဖျက်ရတာတော်တော်ခက်တာ အားလုံးကြုံဖူးမှာပါ။ Vaseline ကို နားကြပ်တဲ့ဝါဂွမ်းတံလေးမှာသုတ်ပြီး မျက်တောင်ကော့ဆေးတွေဖျက်လို့ရပါတယ်။

၆။ မိတ်ကပ်ဖျက်ဆေးအနေနဲ့လည်း သုံးလို့ရပါသေးတယ်။ ဂွမ်းစလေးမှာသုတ်ပြီး မိတ်ကပ်တွေကို ပျက်အောင်ဖျက်ကြည့်ပါ။

play

 

၇။ Vaseline ကို ပင်လယ်ဆားနဲ့ရောပြီး Body Scrub လုပ်လို့ရပါတယ်။

၈။ မျက်လုံးအောက်က အရေးအကြောင်းတွေပျောက်အောင် လိမ်းနိုင်ပါတယ်။

play

 

၉။ ရှုးဖိနပ်အသစ်စီးလို့ ဖိနပ်မပေါက်ချင်ရင် Vaseline ကို ကြိုလိမ်းထားပါ။ ဖိနပ်ပေါက်တာ ရေကြည်ဖုထတာတွေ မဖြစ်တော့ပါဘူး။

၁၀။ မျက်ခုံးမွှေးတွေထူထဲလာအောင် ပုံမှန်လိမ်းပေးနိုင်ပါတယ်။

play

 

၁၁။ လက်ကောက်ဝတ်၊ နားထင်တို့လို ရေမွှေးဆွတ်မယ့်နေရာတွေကို ရေမွှေးမဆွတ်မီ ကြိုလိမ်းထားရင် အနံ့ပိုစွဲပါတယ်။

၁၂။ ဆံပင်ဆေးဆိုးရင်း နားထင်နဲ့ ဂုတ်ပိုးတွေမှာ ဆေးတွေစွန်းကျန်ခဲ့တာ ခဏခဏပါပဲ။ ဒီလိုမဖြစ်ချင်ရင် Vaseline ကို ဆေးမဆိုးမီ ကြိုလိမ်းထားတဲ့အခါ အရေပြားမှာဆေးတွေပေလည်း အလွယ်တကူ ပြန်ဆေးလို့ရသွားတာပေါ့။

၁၃။ အချို့တွေကတော့ သွားတွေကို လိမ်းပေးရင် ပိုဖြူဖွေးလာတယ်လို့လည်း ပြောပါတယ်။

play

 

၁၄။ ဆံပင်ပုံသွင်းဖို့အတွက် လိမ်းပေးလို့ရပါတယ်။ ဆံပင်ပေါ်မှာ ခပ်ပါးပါးလူးပြီး ကောက်တံနဲ့ကောက်လို့ရသလို အမျိုးသားတွေကလည်း ခေါင်းလိမ်းဆီမရှိရင် အရေးပေါ်သုံးလို့ရပါတယ်။

၁၅။ စွယ်စုံသုံးလို့ရအောင် ဆောင်ထားရင်လည်း မမှားပါဘူး။ ဥပမာ Vaseline နဲ့ နှုတ်ခမ်းနီကိုရောပြီး ပါးနီလုပ်မလား၊ အိုင်းရှဲဒိုးလုပ်မလား? ကိုယ်လိုချင်သလောက်အချိုးအစားနဲ့ စပ်ပြီးသုံးလို့ရပါတယ်။ ပါးနီဘူးလေး ပြုတ်ကျလို့ အက်ကွဲသွားတဲ့အခါ အမှုန့်ဖြစ်အောင်လုပ်ပြီး Vaseline နဲ့ရောလိုက်ရင် ခရင်မ်အမျိုးအစားပါနီးတစ်ဘူး ပြန်ရသွားတာပေါ့။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ