Beauty & Fashion: Victoria's Secret ရဲ့ ဒေါ်လာ ၃ သန်းတန် ဖန်တက်စီဘရာသစ်

နှစ်စဉ် ဈေးကြီးလှတဲ့ ဖန်တက်စီဘရာတစ်ထည်ထုတ်လုပ်တာ Victoria's Secret ရဲ့ အစဉ်အလာဖြစ်ပါတယ်။

play

 

Victoria's Secret က နှစ်စဉ် ထုတ်လုပ်နေကျဖြစ်တဲ့ ဖန်တက်စီဘရာကို ယခုနှစ်အတွက် ထုတ်လုပ်လိုက်ပါပြီ။

ဖန်တက်စီဘရာဆိုတာက အတွင်းခံကုမ္ပဏီ Victoria's Secret ရဲ့ ဈေးအကြီးဆုံးဘရာဖြစ်ပါတယ်။

play

 

နှစ်စဉ် Victoria's Secret ရှိုးပွဲမှာ အဲဒိဘရာကို ဝတ်ဆင်ဖို့အတွက် မော်ဒယ်တစ်ဦးကို ရွေးချယ်လေ့ရှိပါတယ်။

ဒီနှစ်အတွက် ထုတ်လုပ်လိုက်တဲ့ ဖန်တက်စီဘရာကတော့ ဒေါ်လာ သုံးသန်း တန်ကြေးရှိပြီး ရတနာ အပွင့် ၉,၀၀၀ ထောင်နဲ့ စီခြယ်ထားပြီး ပြုလုပ်ဖို့အတွက် နာရီ ၇၀၀ ကြာခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီဇင်ဘာလမှာ ပြုလုပ်မယ့် VS ရှိုးပွဲမှာ ဖန်တက်စီဘရာကို မော်ဒယ် ဂျက်စမင်တွတ်စ်က ဝတ်ဆင်မှာ ဖြစ်ပါတယ်။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ