Lifestyle: BeeTalk Public Account များကို Follow လုပ်ထားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

play

 

BeeTalk အသုံးပြုသူတစ်ဦးအနေနဲ့ မိမိနှစ်သက်တဲ့

အနုပညာရှင် ၊ သတင်းအစရှိတဲ့ Public Account တွေကို Follow လုပ်ထားခြင်းအားဖြင့် ၄င်းတို့နဲ့ပတ်သက်တဲ့ နောက်ဆုံးရ အကြောင်းအရာတွေကို နေ့စဉ်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ BeeTalk ရဲ့ Public Account တွေကို Follow လုပ်ထားတဲ့အတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ -

၁။ နောက်ဆုံးရ သတင်းနှင့် အကြောင်းအရာများ ဖတ်ရှုနိုင်ခြင်း

မြန်မာနိုင်ငံအတွင်း ပြည်တွင်း သတင်းတွေနှင့် နိုင်ငံတကာ သတင်းတွေကို နေ့စဉ်ဖော်ပြပေးနေတဲ့ Public Account တွေရှိပါတယ်။ ထို့အပြင် လူမှုရသ ၊ စီးပွားရေး၊ မှုခင်းသတင်း အစရှိတဲ့ နောက်ဆုံးရသတင်းတွေကို အမြဲ သစ်လွင်နေအောင် Public Account ကနေ တင်ပေးထားတဲ့အတွက် ချက်ချင်း ဖတ်ရှုနိုင်မှာပါ။ သင်ဟာ အနုပညာရှင်များနှင့် ဖျော်ဖြေရေးသတင်းများကို စိတ်ဝင်စားသူတစ်ဦးဖြစ်တယ်ဆိုရင်လည်း ၄င်းတို့ရဲ့ Public Account တွေကို Follow လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၂။ ဗဟုသုတများစွာ ရရှိနိုင်ခြင်း

သင်ဟာ လူမှုဘဝရေးရာ အဖြာဖြာနဲ့ အခြားသော အတွေးအမြင် ဆောင်းပါးတွေကို ဖတ်ရတာ ကြိုက်နှစ်သက်သူတစ်ဦးဆိုရင် BeeTalk ရဲ့ Public Account တွေက ကူညီပေးနိုင်ပါတယ်။ ဖက်ရှင် ၊ အလှအပရေးရာ၊ ဘဝဇာတ်ခုံ၊ ကျန်းမာရေးရာ အဖြာဖြာနှင့် လူမှုဘဝ အစရှိတဲ့ Public Account တွေကနေ သင့်အနေနဲ့ ဗဟုသုတများစွာ ရရှိမှာဖြစ်ပါတယ်။

၃။ တစ်နေရာတည်းမှာ စုံလင်စွာဖတ်နိုင်ခြင်း

အကြောင်းအရာမျိုးစုံကို တစ်နေရာတည်းမှာ ဖတ်ရှုလေ့လာနိုင်အောင်စီစဉ်ထားတာက BeeTalk Public Account တွေရဲ့ အားသာချက်နောက်တစ်ခုဖြစ်ပါတယ်။ အခြားသော ဝက်ဘ်ဆိုဒ်နဲ့ သတင်းအချက်အလက်ရနိုင်တဲ့ နေရာတွေ သွားစရာမလိုအောင် ပြည့်စုံတဲ့နေရာပါ။

သုံးစွဲသူတွေအတွက် အကျိုးရှိစေတဲ့ သင်ခန်းစာတွေကို လေ့လာနိုင်သလို၊ အပန်းဖြေဖတ်ရှုနိုင်တဲ့ အကြောင်းအရာတွေကိုလည်း နေ့စဉ် အသစ်အနေနဲ့ ဖတ်ရှုနိုင်မှာပါ။ သတင်း၊ ဖျော်ဖြေရေး၊ လူမှုဘဝရေးရာ၊ မိုးလေဝသ၊ အင်္ဂလိပ်စာသင်ခန်းစာတွေအပြင် နာမည်ကျော်ကြားသူတွေရဲ့ Public Account များကိုလည်း Follow လုပ်နိုင်ပါတယ်။

၎။ အကြောင်းအရာများပြားခြင်း

သင် Follow လုပ်ထားတဲ့ BeeTalk Public Account များကနေတဆင့် နေ့စဉ် အကြောင်းအရာပေါင်းများစွာကို စုံစုံလင်လင် ဖော်ပြပေးနေမှာဖြစ်တဲ့အတွက် သင်ဖတ်စရာမရှိမှာ ပူစရာမလိုတော့ပါဘူး။

၅။ မိမိကြိုက်နှစ်သက်တဲ့အကြောင်းအရာများကို ပြန်လည် မျှဝေ ပေးပို့နိုင်ခြင်း

သင့်အနေနဲ့ Public Account များကို ဖတ်ရှုပြီးနောက် မိမိကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေကို တစ်စုံတစ်ယောက် (သို့မဟုတ်) သူငယ်ချင်းတွေထံ “Share To Chat” နှင့် “Share To Buzz” တို့နဲ့ ပြန်လည်မျှဝေလို့ရပါတယ်။ 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ