Lifestyle: ဆီစားသက်သာပြီး အမြင့်မားဆုံးစွမ်းဆောင်ရည်နဲ့မောင်းနှင်နိုင်တဲ့ BMW 2 Series Gran Tourer ရဲ့ စွမ်းဆောင်ရည်မြင့် မောင်းနှင်စနစ်

ယာဉ်ကြောပိတ်လို့၊ ဒါမှမဟုတ်၊ မီးပွိုင့်မိနေလို့ ကားကိုခနရပ်ထားတဲ့အချိန်မှာ အင်ဂျင်ကိုအလိုအလျောက် အနားပေးတဲ့ Automatic Start/Stop စနစ်ကလည်း လောင်စာဆီသုံးစွဲမှုကို လျော့ကျစေဦးမှာပါ။

play

 

BMW 2 Series Gran Tourer ရဲ့ စွမ်းဆောင်ရည်မြင့် မောင်းနှင်စနစ်ဟာ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ လောင်စာ သုံးစွဲမှုကို အထိရောက်ဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။

BMW ရဲ့ Twin Power Turbo ဓာတ်ဆီ နဲ့ ဒီဇယ်အင်ဂျင်တွေဟာ အမြင့်ဆုံးစွမ်းအင်ကိုထုတ်လုပ်ပေးနိုင်ဖို့၊ တုံ့ပြန်မှုတိုးတက်ကောင်းမွန်စေဖို့ ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျော့ကျဖို့နဲ့ မောင်းနှင်တဲ့နေရာမှာ ချောမွေ့နေစေဖို့ အထောက်အကူပြုပါတယ်။

play

 

BMW EfficientDynamics နည်းပညာရဲ့ မျိုးဆက်သစ် ဓာတ်ဆီ နဲ့ ဒီဇယ်အင်ဂျင်တွေမှာပါဝင်လာတဲ့ Twin Power Turbo နည်းပညာကြောင့် RPM နိမ့်နေတဲ့အချိန်မှာတောင် သွက်လက်တဲ့စွမ်းဆောင်ရည် နဲ့ အကောင်းဆုံး တုံ့ပြန်မှုတို့ကို ရရှိနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင်လောင်စာဆီကို အထိရောက်ဆုံးသုံးစွဲနိုင်စွမ်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုကိုလည်း လျော့ကျစေဦးမှာပါ။

play

 

BMW EfficientDynamics နည်းပညာရဲ့ အလိုအလျောက်ထိန်းညှိမှုအားကောင်းတဲ့ စွမ်းအင်ခန့်ခွဲမှုစနစ်ကလည်း လောင်စာဆီတစ်စက်ချင်းရဲ့ စွမ်းအင်ကိုတောင် အလေအလွင့်မဖြစ်ရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ယာဉ်ကြောပိတ်လို့၊ ဒါမှမဟုတ်၊ မီးပွိုင့်မိနေလို့ ကားကိုခနရပ်ထားတဲ့အချိန်မှာ အင်ဂျင်ကိုအလိုအလျောက် အနားပေးတဲ့ Automatic Start/Stop စနစ်ကလည်း လောင်စာဆီသုံးစွဲမှုကို လျော့ကျစေဦးမှာပါ။ တကယ်တော့ အလိုအလျောက် ထိန်းညှိမှုအားကောင်းတဲ့ စွမ်းအင်ခန့်ခွဲမှုစနစ်ဆိုတာက စွမ်းအင်သုံးစွဲမှုကို မလိုအပ်တဲ့နေရာတွေမှာလျှော့ချပြီး လိုအပ်တဲ့နေရာကို တိုးမြှင့်ပေးတာကို အလိုအလျောက်လုပ်ဆောင်နိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် BMW 2 Series Gran Tourer ဟာ ဆီစားနှုန်းသက်သာပြီးမြင့်မားတဲ့စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်တယ် ဆိုတာ သေချာနေပါတယ်။

play

 

ဒါ့အပြင် BMW 2 Series Gran Tourer ရဲ့ Servotronic စတီယာရင်ကလည်း လမ်းအခြေအနေ အလိုက် ထိန်းကျောင်းနိုင်ပြီး မောင်းနှင်ရတာ သက်သောင့်သက်သာရှိစေဖို့ အကောင်းဆုံးကူညီပေးဦးမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး