Lifestyle: မြင်ရုံနဲ့တင် မြင့်မားတဲ့အရည်အသွေးကိုခံစားမိစေမယ့် BMW 5 series ရဲ့ ဒီဇိုင်း

BMW 5 Series ဆလွန်းကားတွေဟာ မြင်ရုံနဲ့တင် သူတို့ရဲ့ မြင့်မားတဲ့အရည်အသွေးကို ခံစားသိရှိစေမယ့် ကားမျိုးတွေပဲ ဖြစ်ပါတယ်။ ရှေ့ကနေ နောက်အထိ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ အချိုးအစားတွေက ကားရဲ့အရည်အသွေးကို ပေါ်လွင် ထင်ဟပ်နေပါတယ်။

 

play

 

BMW 5 Series ဆလွန်းကားတွေဟာ မြင်ရုံနဲ့တင် သူတို့ရဲ့ မြင့်မားတဲ့အရည်အသွေးကို ခံစားသိရှိစေမယ့် ကားမျိုးတွေပဲ ဖြစ်ပါတယ်။ ရှေ့ကနေ နောက်အထိ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ အချိုးအစားတွေက ကားရဲ့အရည်အသွေးကို ပေါ်လွင် ထင်ဟပ်နေပါတယ်။

အပြင်ဘက်ဒီဇိုင်း

play

 

BMW 5 series ရဲ့အပြင်ဘက်ဒီဇိုင်းဟာ စွမ်းအင်ပြည့်ဝမှုနဲ့ ခေတ်မီတဲ့အချိုးအစားကို ပေါင်းစပ်ထားတာကြောင့် တစ်ကြိမ် မြင်ရုံနဲ့ အထင်ကြီးနှစ်သက်စရာကောင်းနေတာ ဖြစ်ပါတယ်။

BMW ဆီဒင်ကားတစ်စီးရဲ့ အစဉ်အလာပုံစံတွေဖြစ်တဲ့ ခပ်ရှည်ရှည် ကားစက်ဖုံး၊ ကြီးမားကျယ်ပြန့်တဲ့ Wheelbase (ကားရှေ့ဘီးနဲ့နောက်ဘီးကြားအကွာအဝေး) တို့မှာ BMW 5 Series ဟာ ပြိုင်ကားဆန်တဲ့ဒီဇိုင်းကိုလည်းပေါင်းစပ်ထည့်သွင်းထားပါတယ်။

နောက်ပြီး ထူးခြားတောက်ပတဲ့ L ပုံစံ နောက်မီးခွက်၊ ဒီဇိုင်းအသစ်နဲ့ ဘန်ပါတွေကြောင့် BMW 5 Series တွေရဲ့နောက်ပိုင်းအသွင်အပြင်ကလည်း ထူးခြားပြီး ဆွဲဆောင်မှုရှိပါတယ်။

အတွင်းဒီဇိုင်း

play

 

BMW 5 Series တွေရဲ့ အတွင်းခန်းဟာ သပ်ရပ်လှပအောင် တိုင်းချုပ်ထားတဲ့ ၀တ်စုံတစ်စုံလို အပိုအလိုမရှိ ကွက်တိဖြစ်အောင် ဖန်တီးထားပါတယ်။

လိုက်ဖက်ညီတဲ့အမြင်နဲ့ ခံစားမှု၊ အရည်အသွေးမြင့်ပစ္စည်းတွေရဲ့ပေါင်းစပ်မှုတွေနဲ့ ကားအတွင်းခန်းဟာ အချိုးညီညီသပ်ရပ်ခံ့ညားနေပါတယ်။ ဒါ့အပြင် BMW ရဲ့ထုံးစံအတိုင်း ယာဉ်မောင်းမယ့်သူ ထိုင်တဲ့ခုံနဲ့ ဘေးဝန်းကျင်ဟာ ယာဉ်မောင်းသူအဆင်ပြေစေဖို့နဲ့ သက်သောင့်သက်သာရှိဖို့ အဓိကရည်ရွယ်တည်ဆောက်ထားတာပါ။

play

 

ကားအတွင်းပိုင်းမှာပါဝင်တဲ့ ပစ္စည်းကိရိယာတွေအားလုံးနဲ့ လုပ်ဆောင်ချက်တွေအားလုံးကိုလည်း လိုက်ပါစီးနင်းသူတွေ သက်သောင့်သက်သာရှိဖို့နဲ့ အဆင်ပြေပြေအသုံးပြုနိုင်ဖို့ သေချာစီမံထည့်သွင်းထားတာ ဖြစ်ပါတယ်။ လှပကျော့ရှင်းတဲ့ ရေပြင်ညီမျက်နှာပြင်တွေနဲ့ တောင့်တင်းတဲ့လိုင်းပုံစံတွေကြောင့် စီးနင်းသူတွေဟာ ကားရှေ့ခန်းကပဲစီးစီး၊ နောက်ခန်းကပဲ စီးစီး ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်သောင့်သက်သာရှိတဲ့ ခံစားချက်ကိုရရှိမှာပဲ ဖြစ်ပါတယ်။

ဒီလိုခေတ်မီဆန်းသစ်တဲ့ အတွင်းခန်းဒီဇိုင်းနဲ့ ဖွဲ့စည်းပုံတွေကြောင့် ကားအတွင်းစီးနင်းသူတွေဟာ သက်သောင့်သက်သာရှိမှုနဲ့ လုံခြုံစိတ်ချရမှုတို့ကို ခံစားမိမှာပဲ ဖြစ်ပါတယ်။

ဒီလို အပြင်ဘက်ရော၊ အတွင်းပိုင်းပါ ဆွဲဆောင်မှုရှိပြီး အချိုးညီတဲ့ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ BMW 5 Series တွေကို Luxury Line နဲ့ Modern Line ဆိုပြီး ပုံစံနှစ်မျိုးထဲက စိတ်ကြိုက်ရွေးချယ်နိုင်ပါသေးတယ်။ Luxury နဲ့ Modern Line တို့ဟာ အခြေခံဒီဇိုင်းနဲ့ အသုံးပြုထားတဲ့ပစ္စည်းတွေရဲ့ အရည်အသွေးမြင့်မားမှုအပိုင်းမှာတူညီကြပေမဲ့ ကိုယ်ပိုင် သီးခြားလက္ခဏာတွေကို ပိုင်ဆိုင်ထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး