Lifestyle: BMW 5 series ရဲ့ တိကျတဲ့ စတီယာရင်စနစ်နဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်

တစ်နာရီလျှင် ၆၀ ကီလိုမီတာအထက် မောင်းနှင်တဲ့အခါမှာတော့ ရှေ့ဘီးနှင့်နောက်ဘီးကို တူညီတဲ့အချိုးအကွေ့ဖြင့် ဦးတည်မောင်းနှင်စေတဲ့အတွက် ကားကို ပိုမိုတည်ငြိမ်စေပြီး ကားလမ်းကြောင်းပြောင်းသည့်အခါမျိုးမှာလည်း အလွန်အသုံးဝင်တဲ့အပြင် ကားနောက်ခန်းမှာ လိုက်ပါစီးနင်းသူများကိုပါ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ သက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။

Integral Active စတီယာရင်စနစ်

BMW 5 Series မှာပါဝင်တဲ့ Integral Active စတီယာရင်စနစ်ဆိုတာ ကားရဲ့နောက်ဘီးကိုပါပေါင်းစပ်ထိန်းချုပ်တဲ့ စတီယာရင်စနစ်ဖြစ်ပါတယ်။ တစ်နာရီလျှင် ၆၀ ကီလိုမီတာအောက် မောင်းနှင်တဲ့အခါမှာ ကားရဲ့ရှေ့ဘီးနှင့်နောက်ဘီးကို မတူညီတဲ့ ဆန့်ကျင်ဘက်အရပ်သို့ မောင်းနှင်စေခြင်းအားဖြင့် ကားအချိုးအကွေ့များကို ပိုမိုလွယ်ကူစေပါတယ်။ ဒါ့အပြင် သေးငယ်တဲ့အချိုးအကွေ့လေးကအစ တိကျသေချာမှုကိုပေးတဲ့အတွက် ပါကင်ထိုးတဲ့ အခါမှာလည်း အနည်းငယ်သာကွေ့ရန် လိုအပ်ပြီး အလွန်အသုံးဝင်တဲ့စနစ်ဖြစ်ပါတယ်။ တစ်နာရီလျှင် ၆၀ ကီလိုမီတာအထက် မောင်းနှင်တဲ့အခါမှာတော့ ရှေ့ဘီးနှင့်နောက်ဘီးကို တူညီတဲ့အချိုးအကွေ့ဖြင့် ဦးတည်မောင်းနှင်စေတဲ့အတွက် ကားကို ပိုမိုတည်ငြိမ်စေပြီး ကားလမ်းကြောင်းပြောင်းသည့်အခါမျိုးမှာလည်း အလွန်အသုံးဝင်တဲ့အပြင် ကားနောက်ခန်းမှာ လိုက်ပါစီးနင်းသူများကိုပါ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ သက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။

play

စွမ်းဆောင်ရည်မြင့်မားပြီးဆီစားသက်သာတဲ့ Auto – Manual နှစ်မျိုးသုံး ဂီယာစနစ်

BMW 5 series ရဲ့ 8-speed Steptronic Sport transmission ကြောင့် ကားရဲ့ဂီယာစနစ်ကို Auto နဲ့ Manual နှစ်မျိုး အသုံးပြုထိန်းချုပ်နိုင်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမလျော့ကျဘဲ ဆီစားသက်သာစေပါတယ်။

play
play

ဆီစားနှုန်းကို ၂၀ ရာခိုင်နှုန်းထိလျှော့ချပေးနိုင်တဲ့ Eco Pro Mode

BMW 5 series တွေမှာပါဝင်တဲ့ Eco Pro Mode က ယာဉ်မောင်းသူရဲ့မောင်းနှင်တဲ့ပုံစံပေါ်မူတည်ပြီး ဆီစားနှုန်းကိုပုံမှန်ထက် ၂၀ ရာခိုင်နှုန်းထပ်မံလျှော့ချပေးနိုင်ပါသေးတယ်။ အဲဒီလိုဆီစားနှုန်းကို လျှော့ချပေးပေမဲ့ ကားရဲ့ စွမ်းဆောင်ရည်ကတော့ လျော့ကျသွားမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Eco Pro Mode ထဲမှာပဲ ကားရဲ့ လေအေးပေးစနစ်နဲ့ အခြားစွမ်းအင်သုံးစွဲမှုတွေကို လိုအပ်သလိုထိန်းညှိပြီး ဆီစားနှုန်းကိုနောက်ထပ် ၅ ရာခိုင်နှုန်းထပ်မံလျှော့ချပေးနိုင်တဲ့ လုပ်ဆောင်ချက်လည်းပါဝင်ပါသေးတယ်။

play

သက်သောင့်သက်သာနဲ့ အလွယ်တကူထိန်းချုပ်နိုင်မှု

BMW 5 series မှာ ကားစက်နှိုးတာ၊ ကားတံခါးနဲ့ မှန် ဖွင့်တာ၊ ပိတ်တာတွေကို အလွယ်တကူနဲ့ သက်သောင့်သက်သာ ထိန်းချုပ်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ကားသော့ကို အိတ်ထဲကနေထုတ်နေ၊ ရှာနေဖို့မလိုဘဲ ကားသော့ကို အိတ်ထဲမှာထည့်ရင်း ကားနားကပ်လာရုံနဲ့ ကားကအလိုအလျောက်သိနေအောင်အထိ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး