Lifestyle: BMW 7 series ရဲ့Semi-Automated မောင်းနှင်စနစ်၊ သို့မဟုတ်၊ လူနဲ့ စက် ပေါင်းစပ်ထိန်းချုပ်နိုင်မှုစွမ်းအား

BMW 7 series ရဲ့ Semi – Automated မောင်းနှင်စနစ်ဟာ တစ်နာရီကို ၂၁၀ ကီလိုမီတာအမြန်နှုန်းထိ ယာဉ်မောင်းသူကို သက်သောင့်သက်သာအနေအထားနဲ့ မောင်းနှင်နေနိုင်အောင်ကူညီပေးနိုင်ပြီး ဒါဟာ အလိုအလျောက်မောင်းနှင်စနစ်ကို တီထွင်ဖန်တီးမှုမှာ သမိုင်းတစ်ရပ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

play

BMW 7 series မှာပါဝင်တဲ့ Semi – Automated မောင်းနှင်စနစ်ဟာ ယာဉ်မတော်တဆမှုကင်းစင်တဲ့ခေတ်ဆီ ပို့ဆောင်ပေးနိုင်မယ့် ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ပါပဲ။ လူ နဲ့ အဆင့်မြင့်ဘေးကင်းလုံခြုံမှုနည်းပညာပေါင်းစပ်ပြီး အချိုးညီညီထိန်းချုပ်မှုရဲ့ ရလဒ်အဖြစ် ယာဉ်မောင်းသူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုသာမက ၊ လွယ်ကူပြီးသက်သောင့်သက်သာနဲ့ မောင်းနှင်နိုင်မှု ကိုပါ ခံစားရရှိမှာ ဖြစ်ပါတယ်။

BMW 7 series ရဲ့ Semi – Automated မောင်းနှင်စနစ်ဟာ တစ်နာရီကို ၂၁၀ ကီလိုမီတာအမြန်နှုန်းထိ ယာဉ်မောင်းသူကို သက်သောင့်သက်သာအနေအထားနဲ့ မောင်းနှင်နေနိုင်အောင်ကူညီပေးနိုင်ပြီး ဒါဟာ အလိုအလျောက်မောင်းနှင်စနစ်ကို တီထွင်ဖန်တီးမှုမှာ သမိုင်းတစ်ရပ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

play

နောက်ပြီး BMW 7 series ရဲ့ Semi – Automated မောင်းနှင်စနစ်မှာပါဝင်တဲ့ Traffic jam Assistant လုပ်ဆောင်ချက် ဟာ ယာဉ်မောင်းသူတွေကို အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တစ်နာရီ ၆၀ ကီလိုမီတာနှုန်းနဲ့မောင်းနှင်နေတဲ့အခါမျိုးမှာ ကူညီပေးနိုင်ပါတယ်။

ဒါတွေအပြင် သိပ်ကိုမှော်ဆန်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Remote- Controlled Parking စနစ်လည်း BMW 7 series ရဲ့ Semi – Automated မောင်းနှင်စနစ်မှာ ပါဝင်ပါသေးတယ်။ ဒီစနစ်ကတော့ကားကို Display Key ကနေတစ်ဆင့် ထိန်းချုပ်ပြီး ပါကင်ထိုးလို့ရတဲ့ စနစ်ပဲဖြစ်ပါတယ်။

BMW ဟာ သူ့ရဲ့ကားတွေကို တီထွင်ဖန်တီးမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေလုပ်တိုင်းမှာ ယာဉ်မောင်းသူတွေ သက်သောင့်သက်သာရှိဖို့၊ ပိုမိုဘေးကင်းလုံခြုံမှုရှိဖို့နဲ့ စွမ်းဆောင်ရည်ပိုမြင့်မားလာဖို့ဆိုတဲ့ ရည်မှန်းချက်တွေနဲ့အညီ လုပ်ဆောင်လေ့ရှိတဲ့အတိုင်း အလိုအလျောက်မောင်းနှင်မှုစနစ်ကို တီထွင်ဖန်တီးရာမှာလည်း အဲဒီအချက် ၃ ချက်နဲ့ ကိုက်ညီအောင် တစ်ဆင့်ချင်းကြိုးပမ်းလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

BMW ဟာ ယခုမှ အလိုအလျောက်မောင်းနှင်စနစ်တွေကို အဆင့်မြှင့်တင်ဖန်တီးဖို့ ကြိုးစားတာမဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုအကျော်ကတည်းက သုတေသနပြု တီထွင်ဖန်တီးမှုတွေကို လုပ်ဆောင်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန် ထိလည်း အဆင့်မြင့်ပြီး လက်တွေ့အသုံးကျတဲ့စနစ်တွေကို ဆက်လက်သုတေသနပြုဖန်တီးနေဆဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး