AD
AD
AD
play

 

BMW မြန်မာပြည်ကိုယ်စားလှယ် Prestige Automobiles မှ The First -–Ever BMW Expo 2016 တို့ကို ၂၀၁၆ ခုနှစ်၊ မေလ (၁၂) ရက်မှ (၁၅) ရက်နေ့ထိ ရန်ကုန်မြို့ရှိ Myanmar Event Park တွင် မနက် (၉)နာရီခွဲမှ ညနေ (၆)နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

play

 

အဆိုပါပွဲတွင် BMW X ကားတွေကို လက်တွေ့မောင်းနှင်စီးနှင်းနိုင်မယ့် BMW xDrive Experience အပြင်၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ BMW စက်ဘီးစတန့်ပြကွက်ဆန်းများ ပါဝင်တဲ့ BMW Jump and Trial Show၊ ကလေးငယ်တွေကို ပျော်ရွှင်မှုအပြည့်အဝပေးမယ့် BMW Kids Course နှင့် ပျော်ရွှင်စွာ ယှဉ်ပြိုင်ဆော့ကစားနိုင်မယ့် BMW i8 Remote Control Track စတဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေ ထည့်သွင်းထားပါတယ်။

play

 

ဒါ့အပြင် The all-new BMW 7 Series၊ The new BMW 4 Series Gran Coupe' ၊ BMW M Cars၊ BMW i8 အပါအဝင် နောက်ဆုံးပေါ် BMW Brand New ကားအမျိုးအစားမျိုးစုံကိုလည်း အနီးကပ်ထိတွေ့ ကြည်ရှုနိုင်အောင် ပြသပေးထားဦးမှာပါ။

play

 

ပွဲဝင်ခွင့်လက်မှတ်ကိုတော့ ကျပ် ၇,၀၀၀ သတ်မှတ်ထားကာ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ BMW Showroom နှင့် အောက်ပါ City Mart ဆိုင်ခွဲများတွင် ဝယ်ယူနိုင်ပါတယ်။ ၁၀ နှစ်အောက်ကလေးများအတွက် တော့ ဝင်ကြေးလက်မှတ်မလိုဘူးလို့ သိရပါတယ်။

• Marketplace by City Mart (Golden Valley)

• မြေနီကုန်း City Mart

• Junction Square

• Junction Maw Tin

• Junction Zawana

• Ocean (Tamwe)

• Myanmar Plaza

• Yankin Center

• Diamond Plaza, Mandalay

• 73 Ocean Mandalay

play

 

နေ့စဉ် လာရောက်လည်ပတ်သူများအနေနဲ့ လက်မှတ်တစ်စောင်ကို Lucky Draw အခွင့်အရေးတစ်ကြိမ် ရရှိမှာဖြစ်ပြီး BMW Cruise Bike အပါအဝင် BMW Lifestyle ပစ္စည်းတွေကိုပါ ကံစမ်းမဲဖောက်ပေးသွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD