Lifestyle: မြန်မာပြည်တွင် ပထမဆုံးသော BMW Expo ကျင်းပခဲ့

ပြပွဲကို လာရောက်သူဦးရေ စုစုပေါင်း ၃,၀၀၀ ကျော် နဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

play

 

BMW မြန်မာပြည်ကိုယ်စားလှယ် Prestige Automobiles မှ The First-Ever BMW Expo 2016 ကို ၂၀၁၆ ခုနှစ်၊ မေလ (၁၂) ရက်မှ (၁၅) ရက်နေ့ထိ ရန်ကုန်မြို့ရှိ Myanmar Event Park တွင် မနက် (၉)နာရီခွဲမှ ညနေ (၆)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ လာရောက်သူဦးရေ စုစုပေါင်း ၃,၀၀၀ ကျော် နဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

BMW Expo ပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေအားလုံး BMW ရဲ့ အဆင့်မြင့်ဒီဇိုင်းနဲ့ နည်းပညာတွေကို အနီးကပ်ထိတွေ့လေ့လာခွင့်ရစေချင်တာဖြစ်ပါတယ်။ မြန်မာပြည်မှာ ပထမဦးဆုံး BMW Expo ကို စတင်ဆောင်ရွက်ခဲ့ရတဲ့အတွက် BMW ဖက်မှ ပံ့ပိုးပေးတာရယ် ပြည်သူတွေဖက်ကလည်း ကြိုက်နှစ်သက်ကြတာတွေ့ရတဲ့အတွက် အရမ်းဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့နှစ်စဉ် ဒီလို BMW Expo ကျင်းပနိုင်အောင် ကြိုးစားသွားပါမယ်။ နောက်ပိုင်း ရန်ကုန်မြို့တွင်သာမက အခြားမြို့တွေမှာလဲ ကျင်းပနိုင်အောင်ကြိုးစားသွားမယ်လို့ပြောချင်ပါတယ်။” လို့ BMW မြန်မာပြည်ကိုယ်စားလှယ် Prestige Automobiles မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

play

 

အဆိုပါပွဲတွင် BMW X ကားတွေကို လက်တွေ့မောင်းနှင်စီးနှင်းနိုင်မယ့် BMW xDrive Experience အပြင်၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ BMW စက်ဘီးစတန့်ပြကွက်ဆန်းများ ပါဝင်တဲ့ BMW Jump and Trial Show၊ ကလေးငယ်တွေကို ပျော်ရွှင်မှုအပြည့်အဝပေးမယ့် BMW Kids Course နှင့် ပျော်ရွှင်စွာ ယှဉ်ပြိုင်ဆော့ကစားနိုင်မယ့် BMW i8 Remote Control Track စတဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေဟာ ပွဲကိုလာရောက်သူတွေအကြိုက်ဖြစ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ BMW ဆိုတဲ့ ကမ္ဘာ့အမှတ်တံဆိပ်တစ်ခုလာရောက်ပြီး နိုင်ငံတကာမှာလုပ်နေတဲ့အဆင့်အတိုင်း မြန်မာနိုင်ငံမှာလာလုပ်တဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်ရှင်။ ဒီထက်ပိုပြီးတော့ တွင်တွင်ကျယ်ကျယ်နဲ့ အများကြီးပိုသိသွားအောင် နောက်နှစ်တွေမှာလုပ်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်ရှင်။” လို့ အဆိုပါပွဲကို လာရောက်သူ တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

play

 

ဒါ့အပြင် The all-new BMW 7 Series၊ The new BMW 4 Series Gran Coupe' ၊ BMW M Cars၊ BMW i8 အပါအဝင် နောက်ဆုံးပေါ် BMW Brand New ကားအမျိုးအစားမျိုးစုံကိုလည်း အနီးကပ်ထိတွေ့ ကြည်ရှုနိုင်အောင် ပြသပေးထားရှိပေးခဲ့တဲ့အပြင် နေ့စဉ် လာရောက်လည်ပတ်သူများကိုလည်း BMW Cruise Bike အပါအဝင် BMW Lifestyle ပစ္စည်းတွေကို ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ