Lifestyle: BMW ပိုင်ဆိုင်သူများနဲ့ တွေ့ဆုံခြင်း

, updated

မောင်းနှင်တဲ့အခါမှာလည်း တခြားကားတွေနဲ့ ကားအောက်ပိုင်းကအစ လုံခြုံမှုအဆုံး ဘာမှပြောစရာမရှိအောင်ကို ကွာခြားပါတယ်။ BMW တံဆိပ်ကို မောင်းရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်။

play

 

လက်ရှိ လူကြီးမင်းပိုင်ဆိုင်ထားတဲ့ BMW ကားနဲ့ပတ်သက်လို့ မောင်းနှင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကို သိပါရစေ

ကျွန်တော့် နာမည်ကတော့ ဦးစိန်ဝင်းပါ။ လက်ရှိ မှာ BMW 7 Series ထဲက 740 အမျိုးအစား ကို ဝယ်ယူထားပါတယ်။ BMW က လက်ရှိ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးပဲလေ။ နောက်ပြီး မောင်းနှင်တဲ့အခါမှာလည်း တခြားကားတွေနဲ့ ကားအောက်ပိုင်းကအစ လုံခြုံမှုအဆုံး ဘာမှပြောစရာမရှိအောင်ကို ကွာခြားပါတယ်။ BMW တံဆိပ်ကို မောင်းရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်။

play

 

လက်ရှိ လူကြီးမင်း ဝယ်ယူထားတဲ့ BMW ကားရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်လေးတွေကို သိပါရစေ။

ကျွန်တော်ဝယ်ယူထားတဲ့ BMW ကားမှာ စိတ်ဝင်စားစရာ အချက်လေးတွေကတော့ အများကြီးရှိတယ်။ အဲဒီထဲမှာ ကျွန်တော် အကြိုက်ဆုံးကတော့ ကားတော်တော်များများမှာမပါတဲ့ ကားမှန်ပေါ်မှာ ကီလိုမီတာဖော်ပြပေးတာ။ နောက် ပစ္စည်းတွေ သယ်လာပြီး ကားနောက်ဖုံးဖွင့်ဖို့ လက်မအားတဲ့အခါတွေမှာ အခက်အခဲရှိတယ်လေ။ အဲဒီတော့ ကားရဲ့အောက်ဘက်ကို ခြေထောက်လေး ထိုးပေးလိုက်ရင် နောက်ဖုံးကို အလိုအလျောက်ဖွင့်ပေးတဲ့ စနစ်လေးကို ပိုသဘောကျပါတယ်။

play

 

လူကြီးမင်း အနေနဲ့ လက်ရှိ ဝယ်ယူထားတဲ့ ကားကို တစ်ခုခု ထပ်ပြီး တပ်ဆင်ရမယ်ဆိုရင် ဘယ်လိုမျိုးအရာကို ထည့်သွင်း တပ်ဆင်သွားမယ်ဆိုတာ ပြောပြပေးပါ။

ကျွန်တော်ကတော့ BMW ကားက အသစ်အသစ်တွေထပ်ထွက်လာတဲ့အခါမှာ နည်းပညာကလည်း မြင့်လာတယ်၊ ပြောင်းလဲ လာတယ်။ အဲဒီတော့ ကျွန်တော်ကားကို နည်းပညာပိုင်းအရ အမြဲသစ်လွင်အောင် (update) လုပ်ဆောင်လိုပါတယ်။

play

 

လူကြီးမင်း ပိုင်ဆိုင်ထားတဲ့ လက်ရှိ BMW ကားရဲ့ အနှစ်သက်ဆုံးအရာကို ပြောပြပေးပါ။

ကျွန်တော်ဘာကို နှစ်သက်လဲဆိုတော့ ကားကိုမောင်းတဲ့အချိန်မှာ စတီယာတိုင် အချိုးအကွေ့က တခြားကားတွေနဲ့မတူဘူး။ တချို့ကားတွေက ကွေ့တဲ့အခါမှာ အားစိုက်ပြီးကွေ့ရတယ်လေ။ ဒီကားမှာက ကွေ့တဲ့အချိန်မှာ ဟန်ချက်ညီပြီး ငြိမ်တယ် ၊ အဲဒါကို အရမ်းသဘောကျပါတယ်။

play

 

လူကြီးမင်းအနေနဲ့ BMW ရဲ့ အရောင်းဝန်ဆောင်မှုပိုင်းကို ကျေနပ်အားရမှုရှိပါသလား။ ကားဝယ်ပြီးတဲ့အခါမျိုးမှာ ဘယ်လိုမျိုး ဝန်ဆောင်မှုတွေပေးထားပါသလဲ။

BWM အရောင်းစင်တာရဲ့ ဝန်ဆောင်မှုကိုလည်း အရမ်းသဘောကျပါတယ်။ နောက်ပြီး ကားဝယ်ပြီးရင်လည်း (၃) နှစ် အာမခံ ပေးတယ်။ ကားနဲ့ပတ်သက်တဲ့ အပိုပစ္စည်းကအစ အကုန်လုံး တာဝန်ယူပြီး ဆောင်ရွက်ပေးတယ်။ အဲဒါတွေကို သဘောကျပါတယ်။

play

 

လူကြီးမင်း နောက်ဆုံးအနေနဲ့ BMW နဲ့ ပတ်သက်ပြီးတော့ စိတ်ထဲမှာ ပေါ်လာတဲ့အရာကို ပြောပြပေးပါ။

ကျွန်တော် ဒီ BMW ကားကို ဝယ်လိုက်တဲ့အချိန်ကတည်းက လိုအပ်ချက်မရှိအောင်ကို ဝန်ဆောင်မှုပေးတယ်။ ဂျာမနီနိုင်ငံကိုလည်း လေ့လာရေး ခရီးပို့ဆောင်ပေးပါတယ်။ အဲဒီမှာလည်း ဂျာမနီနိုင်ငံရဲ့ တကယ့် BMW ကား စက်ရုံကြီးမှာ ကားထုတ်လုပ် တပ်ဆင်ပုံ အဆင့်ဆင့်ကိုလည်း လေ့လာဖို့ ပို့ဆောင်ပေးပါတယ်။ ကျွန်တော့်ဘဝအတွက် အဲဒီမြင်ကွင်းတွေက အမှတ်တရ ဖြစ်စေပါတယ်။

BMW ကို ပိုင်ဆိုင်ထားရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လုံခြုံတယ်လို့ခံစားရပါတယ်။ ကျေးဇူးတင်ပါတယ်။

Photo: သန့်ဇင်၊ ကျော်ဇင်ထွန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး