Lifestyle: မြန်မာနိုင်ငံ၏ ဒုတိယမြောက် BMW အရောင်းပြခန်း မန္တလေးတွင် ဖွင့်လှစ်

ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ဂုဏ်သတင်းကြီးမားလှတဲ့ ကားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ BMW ရဲ့ မြန်မာနိုင်ငံ ဒုတိယမြောက် အရောင်းပြခန်းကို မန္တလေးမြို့မှာ ပြီးခဲ့တဲ့အပတ်ထဲတုန်းက ဖွင့်လှစ်ခဲ့ပါတယ်။

 

play

 

ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ဂုဏ်သတင်းကြီးမားလှတဲ့ ကားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ BMW ရဲ့ မြန်မာနိုင်ငံ ဒုတိယမြောက် အရောင်းပြခန်းကို မန္တလေးမြို့မှာ ပြီးခဲ့တဲ့အပတ်ထဲတုန်းက ဖွင့်လှစ်ခဲ့ပါတယ်။

play

 

အဆိုပါ BMW Pavilion Mandalay အရောင်းပြခန်းကို BMW မော်တော်ကားတွေ မြန်မာနိုင်ငံကို တရားဝင် တင်သွင်းရောင်းချခွင့်ရရှိထားတဲ့ Prestige Automobile က မန္တလေးမြို့၊ ဥပုသ်တော်ရပ်၊ မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် Golf Club မှာဖွင့်လှစ်ခဲ့တာပါ။

BMW Pavilion Mandalay ပြခန်းမှာ World Luxury Car Award 2016 ဆုရရှိထားတဲ့ The all new BMW 7 series အပါအ၀င် နောက်ဆုံးပေါ် BMW ကားတွေကို ခင်းကျင်းပြသသွားမယ်လို့ Prestige Automobiles ရဲ့ အုပ်ချုပ်မှုဒါရိုက် တာ ဦးချမ်းမြရဲ့ပြောကြားချက်အရ သိရပါတယ်။

play

 

BMW အရောင်းပြခန်းနဲ့ကပ်လျက်မှာ BMW တံဆိပ် အားကစား နဲ့ ကားအသုံးအဆောင်ပစ္စည်းတွေကို ၀ယ်ယူရရှိနိုင်မယ့် BMW Lifestyle Shop ကိုလည်း ကပ်လျက်ဖွင့်လှစ်ခဲ့ပါသေးတယ်။

BMW Pavilion Mandalay ရဲ့ Service Center ကိုတော့ ၆၇ လမ်းနဲ့ A လမ်းထောင့်၊ စက်မှုဇုံ(၂) ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖွင့်လှစ်ထားပြီး ဇူလိုင်လ ၄ ရက်နေ့ကစပြီး BMW ကားတွေကို နိုင်ငံတကာရှိ BMW ၀န်ဆောင်မှုစံနှုန်းတွေအတိုင်း ၀န်ဆောင်မှုပေးသွားမယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး