Lifestyle: နှစ်ပေါင်း၁၀၀အတွင်း မော်တော်ယာဉ် နည်းပညာလောကကို ပြောင်းလဲစေခဲ့တဲ့ BMW ရဲ့ တီထွင်မှုများ

, updated

BMW ၊ Mini ၊ Rolls-Royce ဆိုတဲ့ကမ္ဘာကျော်ကား အမှတ်တံဆိပ်တွေရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ BMW ဟာ ၂၀၁၆ ခုနှစ် မှာဆိုရင် စတင်တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီ နှစ်ပေါင်း ၁၀၀ အတွင်းမှာ BMW ဟာ မော်တော်ယာဉ်နည်းပညာနဲ့ပတ်သက်လို့ ရှေ့ဆောင်တီထွင်ဆန်းသစ်မှုတွေများစွာလုပ်ခဲ့ပါတယ်။ အဲဒီတီထွင်မှုတွေထဲကမှ မော်တော်ယာဉ်နည်းပညာလောကမှာ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်စေခဲ့တဲ့ တီထွင်ဖန်တီးမှု ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

play

 

BMW ၊ Mini ၊ Rolls-Royce ဆိုတဲ့ကမ္ဘာကျော်ကား အမှတ်တံဆိပ်တွေရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ BMW ဟာ ၂၀၁၆ ခုနှစ် မှာဆိုရင် စတင်တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီ နှစ်ပေါင်း ၁၀၀ အတွင်းမှာ BMW ဟာ မော်တော်ယာဉ်နည်းပညာနဲ့ပတ်သက်လို့ ရှေ့ဆောင်တီထွင်ဆန်းသစ်မှုတွေများစွာလုပ်ခဲ့ပါတယ်။ အဲဒီတီထွင်မှုတွေထဲကမှ မော်တော်ယာဉ်နည်းပညာလောကမှာ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်စေခဲ့တဲ့ တီထွင်ဖန်တီးမှု ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လျှပ်စစ်ကား

လောင်စာဆီမလိုဘဲ လျှပ်စစ်ဓါတ်အားနဲ့မောင်းတဲ့ကားဆိုတာ ဒီနေ့ခေတ်မှာ သိပ်မထူးဆန်းတော့ပေမယ့် ၁၉၇၀ ၀န်းကျင် တုန်းကတော့ အဲဒီလိုကားမျိုးတီထွင်ထုတ်လုပ်ဖို့ဆိုတာ မဟာစွန့်စားခန်းတစ်ရပ်ပါပဲ။ ဒါပေမဲ့ BMW ဟာ ၁၉၇၂ ခုနှစ်ကတည်းက သူ့ရဲ့ပထမဆုံး လျှပ်စစ်ကားကိုတီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ဈေးကွက်ထဲကို တင်သွင်းရောင်းချနိုင်တဲ့အဆင့်ထိ မရောက်ခဲ့ပေမယ့် ၁၉၇၂ အိုလံပစ်ပွဲမှာ ပွဲထုတ်ပြသနိုင်ခဲ့ပါတယ်။

play

 

၂။ အာရုံခံစနစ်

BMW ဟာ ယာဉ်အန္တရာယ်ကိုလျှော့ချပေးနိုင်တဲ့ ကားအာရုံခံစနစ်ကိုလည်း ၁၉၇၂ ခုနှစ်မှာကတည်းက တီထွင်ခဲ့တာပါ။ အဲဒီနှစ်မှာထုတ်လုပ်ခဲ့တဲ့ ပြိုင်ကားအမျိုးအစား BMW Turbo ကားမှာ ကားအာရုံခံစနစ်ကို ထည့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ BMW ရဲ့အဲဒီအာရုံခံစနစ်ဟာ ကိုယ့်ကားနဲ့ ရှေ့ကကားရဲ့ အကွာအဝေးကို အာရုံခံပြီး ဘရိတ်ဖမ်းဖို့ အချိန်မီလောက်တဲ့ အထိ ကားရဲ့အရှိန်ကို အလိုအလျောက်လျှော့ချပေးနိုင်ပါတယ်။ BMW ရဲ့အဲဒီအာရုံခံစနစ်ဟာ ဒီနေ့ခေတ် Active Cruise Control စနစ်ရဲ့ ကနဦးတီထွင်ဖန်တီးမှုလည်း ဖြစ်ခဲ့ပါတယ်။

၃။ Check Control

နေ့စဉ်ဘ၀မှာ ကွန်ပြူတာစနစ်တွေနဲ့ မဖြစ်မနေထိတွေ့နေရတဲ့ ဒီနေ့ခေတ်မှာတော့ Check Control မပါတဲ့ BMW ကားဆိုတာမရှိတော့တဲ့အတွက် ဒီလုပ်ဆောင်ချက်က မထူးဆန်းသလို ထင်ကောင်းထင်မိပါလိမ့်မယ့် ။ ဒါပေမဲ့ BMW ဟာ အဲဒီအသုံးဝင်လှတဲ့ လုပ်ဆောင်ချက်ကို ၁၉၇၆ ခုနှစ်ကတည်းက စွန့်ဦး တီထွင်ခဲ့တာ ဖြစ်ပါတယ်။ Check Control ဆိုတာက ယာဉ်မောင်းမယ့်သူက ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကားရဲ့အခြေအနေအားလုံးကို စစ်ဆေးနိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။

play

် 

၎။ နောက်ဘီးကိုပါထိန်းညှိပေးသည့် rear-axle kinematics စတီယာရင် စနစ်

ဒီတီထွင်ဖန်တီးမှုကတော့ အပေါ်ယံကြည့်ရုံတင်ဆိုမသိသာဘဲ မောင်းကြည့်တော့မှသာ ထူးခြားတဲ့ထိန်းကျောင်းနိုင်မှု အစွမ်းကို ခံစားမိနိုင်တဲ့ ဖန်တီးမှုပါပဲ။ rear-axle kinematics ဆိုတဲ့နာမည်အတိုင်းပဲ စတီယာရင်က ကားနောက်ဘီး ၀င်ရိုးကိုပါ ထိန်းကျောင်းပေးနိုင်တဲ့ တီထွင်စမ်းသစ်မှုဖြစ်ပြီး ၁၉၈၉ ခုနှစ်ထွက် BMW 8 series ကားတွေမှာ စတင်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ကားကိုရုတ်တရက်အရှိန်နဲ့ကွေ့တဲ့အခါမှာ နောက်ဘီးကပါ ဒီဂရီ အနည်းငယ်လိုက်ပါတိမ်းစောင်းပေးပြီး မတော်တဆမှုအန္တရာယ်ဖြစ်ပေါ်နိုင်ချေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။

၅။ Digital Motor Electronic စနစ်

Check Control ကို တီထွင်အပြီး ၃ နှစ်အကြာ ၁၉၇၉ ခုနှစ်မှာပဲ BMW ဟာ Digital Motor Electronic(DME) စနစ် ကို BMW 732i ကားတွေမှာစတင်ထည့်သွင်းနိုင်ခဲ့ပါတယ်။ Motronic လို့အမည်ရတဲ့အဲဒီစနစ်ဟာ ဆီစားသက်သာစေပြီး အင်ဂျင်စွမ်းဆောင်ရည်တိုးအောင် စွမ်းဆောင်ပေးနိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။

၆။ ပိုမိုကောင်းမွန်သော all-wheel drive စနစ်သစ်

၂၀၀၃ ခုနှစ်မှာ BMW ဟာသူ့ရဲ့ all-wheel drive စနစ်သစ်ကို မိတ်ဆက်ပြီး all-wheel drive ကားလောကကို ဦးဆောင်နိုင်ခဲ့ပါတယ်။ BMW ရဲ့ AWD စနစ်ဟာ တခြား AWD တွေထက် ဘီးတွေရဲ့လည်ပတ်မှုအရှိန်နှုန်းတွေကို ပိုမိုထိန်းညှိပေးနိုင်သလို ဘီးတွေနဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကိုပါ ပထမဆုံးအကြိမ်အဖြစ် မောင်းနှင်မှု အခြေအနေသရုပ်ခွဲရာမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။

၇။ လက်ဟန်အနေအထား နဲ့ ထိန်းချုပ်နိုင်မှုရဲ့ စွမ်းအား

၂၀၁၅ ခုနှစ်မှာ BMW ဟာ ကားရဲ့ control display ကနေတဆင့် ဖုန်းကိုင်တာ၊ သီချင်းသံ တိုးတာ၊ ကျယ်တာ စတဲ့လုပ်ဆောင်ချက်တွေကို ထိတွေ့စရာမလိုဘဲ လက်ဟန်အမူအရာနဲ့တင်ထိန်းချုပ်နိုင်တဲ့ စနစ်ကို BMW 7 series မှာ ထည့်သွင်းပေးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး