Lifestyle: ကိုယ်တိုင်ဟန်ချက် ထိန်းညှိနိုင်ပြီး မမှောက်နိုင်သည့် ဆိုင်ကယ်ကို BMW မိတ်ဆက်

ကုမ္ပဏီဘက်ကတော့ ဒီဆိုင်ကယ်စီးနင်းရင် ဆိုင်ကယ်စီးဦးထုတ် ဆောင်းစရာမလိုဘူးလို့ ကြေညာထားပါတယ်။

play

 

အနာဂတ်မှာ ဘေးကင်းစိတ်ချရတဲ့ ယာဉ်တွေစီးနင်းကြစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂျာမနီထိပ်သီးကုမ္ပဏီ BMW က မတိမ်းမှောက်နိုင်တဲ့ ဆိုင်ကယ်တစ်မျိုးကို တီထွင်လိုက်ပါတယ်။

play

 

ကုမ္ပဏီနှစ် ၁၀၀ ပြည့်မှာ အထူးဖန်တီးထုတ်လုပ်ထားတဲ့အတွက် Motorrad Vision Next 100 လို့ အမည်ပေးထားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ခေတ်ရှေ့ပြေး ဆိုင်ကယ်ဟာ ကိုယ်တိုင် ဟန်ချက်ညီအောင် တီထွင်ထားတဲ့အတွက် ဘေးကင်းဖို့ ဆိုင်ကယ်စီးဦးထုတ် ဆောင်းစရာ မလိုအပ်ဘူးလို့ ကုမ္ပဏီဘက်က ကြေညာပါတယ်။

play

 

ဆိုင်ကယ်စီးနင်းသူရဲ့ ခန္ဓာကိုယ် ဟန်ချက်အလိုက် ဆိုင်ကယ်က လိုက်လံထိန်းညှိပေးမှာဖြစ်ပြီး ယနေ့ခေတ် ဆိုင်ကယ်တွေမှာ တွေ့ရတာနဲ့ များစွာ ကွဲပြားနေမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်ကိုယ်ထည်ဟာ ယနေ့ခေတ် ဆိုင်ကယ်တွေလို ချိတ်ဆက်ထားမှု များစွာ ရှိမှာမဟုတ်လို့ လက်ကိုင်ဟာ ရှေ့ဘီးတစ်ခုတည်းမဟုတ်ပဲ ဆိုင်ကယ်တစ်စီးလုံးကို ထိန်းချုပ်ပေးပါတယ်။

play

 

၂၀၃၀ မတိုင်ခင်မှာ ဒီဆိုင်ကယ်တွေကို  အပြင်ဈေးကွက်မှာ ဖြန့်ချိပြီး လူတွေအသုံးပြုလာကြဖို့ ကုမ္ပဏီဘက်က ရည်မှန်းထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ