Lifestyle: ဘေးကင်းလုံခြုံပြီး၊ စွမ်းဆောင်ရည်မြင့်မားမှုများနဲ့ BMW M3

, updated

BMW ရဲ့ M စီးရီး ယာဉ်များမှာတွေ့မြင်နေကြ Aerodyanmics ဟာ အရှိန်နှုန်းမြင့်မြင့် မောင်းနှင်တဲ့အခါမှာ ပိုပြီးသာလွန်တဲ့ ကားမောင်းနိုင်မှု အတွေ့အကြုံ၊ တည်ငြိမ်မှုနှင့် ထိန်းချုပ်မှု အပြည့်အဝရှိခြင်းတို့ကိုပေးစွမ်းမှာပါ။

play

 

BMW ရဲ့ မြန်မာပြည်ကိုယ်စားလှယ် Prestige Automobile ကနေ တင်သွင်းနေတဲ့ BMW M3 ကားအမျိုးစားတွေရဲ့ ဘေးကင်းလုံခြုံပြီး စွမ်းဆောင်ရည်မြင့်မားမှုတွေကို အခုတစ်ခေါက်မှာ စာဖတ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Aerodynamics

play

 

BMW ရဲ့ M စီးရီး ယာဉ်များမှာတွေ့မြင်နေကြ Aerodyanmics ဟာ အရှိန်နှုန်းမြင့်မြင့် မောင်းနှင်တဲ့အခါမှာ ပိုပြီးသာလွန်တဲ့ ကားမောင်းနိုင်မှု အတွေ့အကြုံ၊ တည်ငြိမ်မှုနှင့် ထိန်းချုပ်မှု အပြည့်အဝရှိခြင်းတို့ကိုပေးစွမ်းမှာပါ။

ဒ့ါအပြင် မောင်းနှင်နေစဉ်မှာလည်း ကားအတွင်းရှိ စက်အစိတ်အပိုင်းများကို အပူချိန်ထိန်းညှိကာ အေးမြစေတဲ့ ကားအင်ဂျင် လေဝင်လေထွက်ပေါက်များကနေ လုပ်ဆောင်ပေးမှာပါ။

Optimum Shift Indicator

play

 

အထူးသဖြင့် မြို့တွင်းယာဉ်ကြောနှင့် ခရီးရှည်သွားတဲ့အခါမျိုးမှာ ဂီယာအပြောင်းအလဲပြုလုပ်ရတာကြောင့် ဆီအကုန်အကျများတာမျိုး မဖြစ်ရလေအောင် ဘယ်အချိန်မှာ ဘယ်လို ဂီယာမျိုးနဲ့ မောင်းနှင်သင့်တယ်ဆိုတာကို Info Display မှာ အလိုအလျောက် အချက်ပြပေးတဲ့ စနစ်လည်းပါဝင်ပါတယ်။

BMW Head-Up Display (M-specific display)

play

 

အရောင်သွေးစုံလင်စွာဖော်ပြပေးတဲ့ BMW Head-Up Display (M-specific display) ဟာ မောင်းနှင်သူရဲ့ မြင်ကွင်းနဲ့ တပြေးတည်းဖြစ်အောင် ဖော်ပြပေးနေတာကြောင့် မောင်းနှင်မှုအရှိန်နှုန်း၊ အချက်ပြမှုများနှင့် ယာဉ်မောင်းနေစဉ် အကြံပေးမှုများကလည်း လမ်းပေါ်မှာ အာရုံအပြည့်အဝထားပြီး သက်သောင့်သက်သာ ကြည့်ရှုမောင်းနှင်နိုင်မှာပါ။

BMW Selective Beam

BMW Selective Beam ကတော့ ညဘက် မောင်းနှင်ချိန်မှာ ပိုပြီးလုံလုံခြုံခြုံနဲ့ သက်သောင့်သက်သာ မောင်းနှင်လို့ရမှာပါ။ သူဟာ မီတာ ၄၀၀ ကျော်မှာ ရှိတဲ့ အန္တရာယ်ရှိစေနိုင်တဲ့ အရာများကိုလည်း အချက်ပြပေးနိုင်တဲ့အပြင်၊ တစ်ဖက်ကမောင်းနှင်လာတဲ့ ယာဉ်မောင်းဖြစ်သူရဲ့ မျက်လုံးကိုလည်း မစူးရှစေပါဘူး။

Camera systems

play

 

Park Distance Control၊ Surround View၊ Rear View Camera များပါဝင်တာကြောင့် ကားရပ်နားဖို့ပဲဖြစ်ဖြစ်၊ ဘေးဘယ်ညာကြည့်ဖို့ပဲဖြစ်ဖြစ် ကင်မရာများကို မိမိလိုအပ်သလို စိတ်ကြိုက် အသုံးချနိုင်မှာပါ။

M driver orientation

M ယာဉ်အမျိုးအစားများရဲ့ အင်္ဂါရပ်များထဲမှာ မောင်းနှင်သူနဲ့ ကိုက်ညီအောင် ထိန်းချုပ်မှုပြုလုပ်တဲ့ စက်ခလုတ်များကို ယာဉ်မောင်းရဲ့အနီးမှာ ထားရှိပေးထားတာကြောင့် ယာဉ်မောင်းဟာ လမ်းပေါ်မှာ မောင်းနှင်နေစဉ်မှာ အာရုံအပြည့်အဝရှိပြီး လိုအပ်သလို ထိန်းချုပ်မှုလုပ်နိုင်ပါတယ်။

Active and passive safety

play

 

M ယာဉ်အမျိုးအစားရဲ့ intelligent safety features များဟာလည်း သင့်ရဲ့ လုံခြုံရေးကို အထူးအလေးပေး ဆောင်ရွက်ပေးတာကြောင့် BMW မောင်းနှင်စဉ်မှာ လုံခြုံစိတ်ချမှုအပြည့်အဝရှိစေမှာပါ။ တကယ်လို့ ယာဉ်မတော်တဆမှုဖြစ်ခဲ့ရင်တောင်မှ ကားပေါ်ကသူတွေကို ထိခိုက်မှုနည်းပါးစေအောင် ကားအစိတ်အပိုင်းများကို ဖွဲ့စည်းပေးထားတာကို တွေ့ရမှာပါ။ ဒါတင်မကသေးပါဘူး ယာဉ်မောင်းနှင်နေစဉ်မှာ ယာဉ်မောင်းဖြစ်သူရဲ့  Steering လှုပ်ရှားမှုအခြေအနေကို လေ့လောစောင့်ကြည့်နေပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးမှာ ချက်ခြင်း တုန့်ပြန်မှု ပြုလုပ်ပေးသလို Control Dislplay ပေါ်မှာ ခေတ္တအနားယူဖို့ လိုနေပြီဆိုတာကို ပြသပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ Passenger ရဲ့ ဘေးကင်းလုံခြုံမှုအတွက် Seat belt ကို အလိုအလျောက်ဆွဲတင်းပြီး လိုအပ်လျှင် ထိုင်ခုံနောက်မှီကိုပါ တည့်မတ်ပေးသွားမှာဖြစ်တဲ့အပြင်ကားကို နောက်ဆက်တွဲကိစ္စရပ်များ မဖြစ်အောင် ယာဉ်မောင်းကိုယ်စား ထိန်းချုပ်ကာ ရပ်တန့်ပေးမှာဖြစ်ပါတယ်။

Adaptive LED Headlights

play

 

Adaptive LED Headlights မှာ LED နည်းပညာများပါဝင်တာကြောင့် နေ့၊ ည ကားအရှေ့မှာဖြစ်ပေါ်နေတဲ့အရာများကို မြင်သာ ထင်သာရှိစေမှာပါ။ အထူးသဖြင့် ကားလမ်းအကွေ့တွေမှာ သူ့ရဲ့သာလွန်လှတဲ့ စွမ်းဆောင်မှုဟာ ယာဉ်မောင်းတွေအတွက် များကြီး အထောက်ကူဖြစ်စေပါတယ်။

BMW M3 ဗီဒီယိုကြည့်ရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ