Lifestyle: ယာဉ်အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့ BMW ရဲ့ Night Vision with Dynamic Light Spot လုပ်ဆောင်ချက်

, updated

BMW ရဲ့ Night Vision with Dynamic Light Spot လုပ်ဆောင်ချက်ဟာ ညအမှောင်ထဲမှာ လူနဲ့ အရွယ်ကြီးမားတဲ့ တိရစ္ဆာန်တွေကို အတော်ဝေးဝေးကတည်းက ထောက်လှမ်းသိရှိနိုင်ပြီး ယာဉ်မောင်းတွေ့မြင်သတိပြုမိအောင် ဖော်ပြပေးနိုင်ပါတယ်။

 

play

 

BMW ရဲ့ Night Vision with Dynamic Light Spot လုပ်ဆောင်ချက်ဟာ ညအမှောင်ထဲမှာ လူနဲ့ အရွယ်ကြီးမားတဲ့ တိရစ္ဆာန်တွေကို အတော်ဝေးဝေးကတည်းက ထောက်လှမ်းသိရှိနိုင်ပြီး ယာဉ်မောင်းတွေ့မြင်သတိပြုမိအောင် ဖော်ပြပေးနိုင်ပါတယ်။

kidney grille ရဲ့  ဘယ်ဘက်ခြမ်းရှိ အပူပုံရိပ်ဖော်ကင်မရာက ကားအရှေ့က ပုံရိပ်တွေကို ထိန်းချုပ်မျက်နှာပြင်ပေါ် ကိုတိုက်ရိုက်ထုတ်လွှင့်ပေးနိုင်ပါတယ်။ အဲဒီလိုထုတ်လွှင့်ပေးလိုက်တဲ့ ပုံရိပ်ထဲက လူနဲ့ တိရစ္ဆာန်တွေကို ခန့်မှန်းခြေ မီတာ ၃၀၀ လောက်အဝေးကနေတောင် မှတ်မိသိရှိနိုင်ပါတယ်။

play

 

အနီအောက်ရောင်ခြည်သုံး ထောက်လှမ်းစနစ်က လမ်းဖြတ်ကူးသူတွေနဲ့ သမင်၊ နွား၊ မြင်းတို့လို တိုက်မိနိုင်ချေရှိတဲ့ တိရစ္ဆာန်ကြီးတွေကို အမှောင်ထဲမှာတောင် ထောက်လှမ်းသိရှိနိုင်ပြီး အဲဒီလို ထောက်လှမ်းတွေ့ရှိတဲ့ အရာအပေါ်ကို ထိန်းချုပ်လို့ရတဲ့ Dyanamic Light Spots နဲ့ အလင်းရောင်ပေးညွှန်ပြပေးနိုင်စွမ်းရှိပါတယ်။

အဲဒီလိုအလင်းပေးညွှန်ပြမှု က ယာဉ်မောင်းကို အာရုံမထွေပြားအောင်လည်း စီမံထားပါတယ်။ ဒီလိုအလင်းရောင်ပေးညွှန်ပြမှုကြောင့် ယာဉ်မောင်းရော ၊ လမ်းပေါ်ကလူပါ အန္တရာယ်ကို အချိန်မီသတိထားမိပြီး ပြင်းထန်တဲ့ယာဉ်တိုက်မှုမျိုး မဖြစ်ရလေအောင် ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်မောင်းဟာ Multifunctional Instrument Display နဲ့ BMW Head-Up Display ကနေတစ်ဆင့် လူ သို့ မဟုတ် တိရစ္ဆာန်ဆိုတာပေါ် မူတည်ပြီး သက်ဆိုင်ရာသတိပေးချက်ကိုရရှိဦးမှာဖြစ်ပါတယ်။

play

 

အန္တရာယ်ဖြစ်နိုင်ချေအလွန်မြင့်မား တဲ့ အခြေအနေမှာဆိုရင် အသံနဲ့သတိပေးချက်ပါထွက်ပေါ်လာမှာဖြစ်ပြီး ဘရိတ်တွေကလည်း တုံ့ပြန်လုပ်ဆောင်ဖို့အတွက် အသင့်လျော်ဆုံးအခြေအနေမှာ ရှိနေမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး