Lifestyle: မြို့ပြလူနေမှုဘဝကို ဖော်ကျူးပေးမယ့် BMW X1

, updated

ဘယ်လိုမြေအနေအထားပေါ်မှာပဲဖြစ်ဖြစ် ခမ်းနားတဲ့ အသွင်အပြင်နဲ့ စွမ်းဆောင်ရည်ကို တွေ့မြင် နိုင်မှာပါ။

play

 

သာမန်ထုတ်လုပ်နေကျ ပုံစံမျိုးမဟုတ်ဘဲ ကွဲပြားတဲ့ စွမ်းဆောင်ရည်အသစ်တွေနဲ့ The all-new BMW X1 ကားအမျိုးအစားကို မိတ်ဆက်ပေးလိုပါတယ်။ BMW X1 ကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်တာနဲ့ X model အမျိုးအစားဆိုတာကို သူရဲ့ တိုတောင်းတဲ့ အပေါ်အမိုးနဲ့ ရှည်လျားတဲ့ SAV (Sports Activity Vehicle) အပြင်ပုံသဏ္ဍန်ကနေ သိရှိနိုင်မှာပါ။

play

 

BMW X1 ရဲ့ အတွင်းပိုင်းအပြင်အဆင်တွေဟာလည်း X စီးရီးသဘောတရားအပေါ်အခြေခံတဲ့ အပြင်အဆင်နဲ့ ပြုလုပ်ထားတာကို တွေ့ရမှာပါ။ Sport Seat ထိုင်ခုံအမျိုးအစားကို အသုံးပြုထားသည့်အပြင် ကျယ်ဝန်းတဲ့ကားအတွင်းပိုင်း အပြင်အဆင်ကလည်း မောင်းနှင်သူအပြင် လိုက်ပါစီးနင်းသူများကိုပါ သက်တောင့်သက်သာရှိစေပါတယ်။

play

 

တစ်ချိန်တည်းမှာပဲ အင်ဂျင်ရဲ့စွမ်းအင်ပါဝါကို ပိုမိုမြှင့်တင်လာတဲ့အပြင် ဆီစားနှုန်းကို သိသိသာသာ လျော့နည်းစေရုံသာမက ကာဗွန်ထုတ်လွှတ်မှုကိုလည်း နည်းပါးစေပါတယ်။ သက်တောင့်သက်သာမောင်းနှင်နိုင်ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မှုရှိတဲ့ (EfficientDyanmics) နည်းပညာများက BMW ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် စီးရီးတွေကိုလည်း သင့်ကို တောင့်တစေမှာပါ။

play

 

ဒီဇိုင်း

ဘယ်လိုမြေအနေအထားပေါ်မှာပဲဖြစ်ဖြစ် ခမ်းနားတဲ့ အသွင်အပြင်နဲ့ စွမ်းဆောင်ရည်ကို တွေ့မြင်နိုင်မှာပါ။ SAV ရဲ့ စမတ်ကျတဲ့ အင်္ဂါရပ်များနဲ့ မြို့ပြလူနေမှုဘဝရဲ့ အဆင့်အတန်းမြင့်မားမှုကိုလည်း BMW X1 မှာ တွေ့မြင်ရမှာပါ။

play

 

သက်တောင့်သက်သာရှိသော ကားအတွင်းအပြင် ဖွဲ့စည်းမှု

မတူညီတဲ့ ဖွဲ့စည်းပုံအစိတ်အပိုင်းတွေအပြင် သေသေချာချာပြင်ဆင်ထားတဲ့ အတွင်းပိုင်း ပြင်ဆင်မှုနှင့် Electronic Adjustment ထိုင်ခုံတွေကြောင့် BMW X1 ဟာ သင်သွားရောက်မဲ့ ခရီးအတွက် အဖော်မွန်ကောင်းဖြစ်လာမှာပါ။

ဆီစားနှုန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု

ယခုလက်ရှိ Prestige Automobiles မှ တင်သွင်းရောင်းချနေတဲ့ BMW X1 xDrive20i ရဲ့ ဆီစားနှုန်းမှာ ၁၀၀ ကီလိုမီတာလျှင် ၆.၃ မှ ၆.၄ လီတာဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုမှာ ၁ ကီလိုမီတာလျှင် ၁၄၆ မှ ၁၄၉ ဂရမ် ဖြစ်ပါတယ်။ အမြန်နှုန်းမှာတော့ သုည မှ ၁၀၀ ကီလိုမီတာလျှင် ၇.၇ စက္ကန့် ဖြစ်ပါတယ်။

The all-new BMW X1 ကို စိတ်ဝင်စားသူများအနေနဲ့ အမှတ်-၄၆၈၊ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်ရှိ BMW အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာတွင် သွားရောက်လေ့လာကြည့်ရှုနိုင်သလို ဖုန်းနံပါတ် - ၀၁ ၂၃၀ ၆၁၃၃ ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး